နေပြည်တော်ကောင်စီနယ်မြေ

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ရေစီးရေလာကောင်းမွန်စေရေး ကွင်းဆင်းစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ဇေယျာသီရိမြို့နယ် ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီးသို့သွားရောက်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပင်လောင်းလမ်းဆုံ ကားလမ်းမပေါ် ရေကျော်နေမှု အခြေအနေများ၊ ပင်လောင်းလမ်းဆုံမှ ကျောက်ချက်ကျေးရွာကြား လမ်းဘေးဝဲယာ ရေစီးဆင်းမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် ပြည်ထောင်စုလမ်းမကြီးဘေး ဝဲယာရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး၊ မပိုက်ကယ်ရိုး၊ အိုင်စောက်ရိုးနှင့် မျက်လှည့်ရိုးများတစ်လျှောက် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရှင်းလင်းဆောင်ရွက်ထားရှိရေး၊ လမ်းမကြီးပေါ် ရှိရေများ အမြန်ကျဆင်းရေးအတွက် ရေထွက်ပေါက်များ ရှင်းလင်းရေးနှင့် ရေတံခါးများတွင် အမှိုက်ပိတ်ဆို့မှုများ မရှိစေ‌ရန်ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။

ဒက္ခိဏသီရိမြို့နယ်၌ အခွန်ပညာပေး ဆွေးနွေးပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ သီရိ(၅) မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးအနေဖြင့် ဒက္ခိဏသီရိမြို့နယ်တွင်းရှိ လုပ်ငန်းရှင်များအား တည်ဆဲအခွန်ဆိုင်ရာဥပဒေများ၊ ပြေစာများ အပေါ်တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်းသည့် အခွန်ပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ် အ‌‌ထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

နေပြည်တော်အတွင်း ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ကြသည့် ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပရေးလုပ်ငန်းညှိနှိုင်း

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံးကျောင်းများနှင့် မြို့နယ်များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားအား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တပ်ကုန်းမြို့နယ် ကင်းသာကျေးရွာပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ လမ်းညွှန်မှုဖြင့် တပ်ကုန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယမန်နေ့နံနက်ပိုင်းကကင်းသာကျေးရွာစိုက်ပျိုးစီးပွားအသိပညာပေးစင်တာ(KC)ခန်းမတွင်  ဆောင်ရွက်ခဲ့သည်။

ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ စာရေးဆရာမ ဇင်(ရန်ကုန်တက္ကသိုလ်) ရေးသားသော ရတနာထက် တန်ဖိုးရှိသည့်အရာ လူငယ်ဝတ္ထုတိုများ စာအုပ်ဖြင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းတွင် ကျင်းပသည်။

ဇမ္ဗူသီရိမြို့နယ်မှ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်

ဇမ္ဗူသီရိမြို့နယ်၊ ဓနသိဒ္ဓိရပ်ကွက်နှင့် ဗလသိဒ္ဓိရပ်ကွက်တို့ပူးပေါင်း၍ အစိုးစက်မှုလက်မှုကျောင်း၌ မဲဆန္ဒရှင်ပြည်သူများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့်ပတ်သက်၍ သိရှိစေရန် အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူများနှင့်တွေ့ဆုံ

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဩဂုတ်လ ၂၃ ရက်နေ့ ညနေပိုင်းက ဇေယျာသီရိမြို့နယ်၊ ကျွန်းရောင်းကျေးရွာအုပ်စု၊ လေသာကျေးရွာသို့သွားရောက်ပြီး ဘုန်းတော်ကြီးကျောင်း၌ တောင်သူများနှင့် တွေ့ဆုံပွဲတက်ရောက်သည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ဥတ္တရသီရိမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ဥတ္တရသီရိမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်းကို ယမန်‌နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့သည်။

တပ်ကုန်းမြို့နယ် မြဝတီရပ်ကွက်ပြည်သူများ မြန်မာ့အီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်

ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏လမ်းညွှန်မှုဖြင့် တပ်ကုန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြဝတီရပ်ကွက်၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ ပြည်သာနိုင်ဓမ္မာ­­­­ရုံတွင်  ဆောင်ရွက်ခဲ့သည်။

လယ်ဝေးမြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များတွင် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုများ ဆောင်ရွက်

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည်ယနေ့မွန်းလွဲပိုင်းက တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်အတွင်းရှိ ပန်းတင်ကျေးရွာ၊ ကြောင်ရေကျေးရွာနှင့် သက်ကယ်ချင်းကျေးရွာစာကြည့်တိုက်များတွင် စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးသည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ