တပ်ကုန်းမြို့နယ်၌ အသက်ငါးနှစ်အောက်ကလေးငယ်များအား အာဟာရအခြေအနေဆန်းစစ်၊ ကျန်းမာရေးစောင့်ရှောက်ခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်များ ဆောင်ရွက်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်ရှိ အသက်ငါးနှစ်အောက်ကလေးငယ်များအား အာဟာရအခြေအနေဆန်းစစ်ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်ခြင်း၊ အသိပညာပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆရာစံရပ်ကွက်၊ မဟာဇနကပရိယတ္တိစာသင်တိုက်၊ မဟာဇနကဗိမာန်တွင် ဆောင်ရွက်ပေးခဲ့သည်။