လယ်ဝေးမြို့နယ်အတွင်း ကုန်ထုတ်လမ်းများကောင်းမွန်ရေးနှင့် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေး ကွင်းဆင်းစစ်ဆေး
နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများလိုက်ပါလျက် ရာဇသင်္ဂဟလမ်းဘေး၊ လယ်ဝေးမြို့နယ်၊ ကူသပိတ်ကျေးရွာနှင့် မှန်တောကျေးရွာများရှိ ကုန်ထုတ်လမ်းနှင့် ရေနုတ်မြောင်းများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။