နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး ပြည်ထောင်စုနယ်မြေ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း ကြီးကြပ်ရေးအဖွဲ့နှင့် မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
ပြည်ထောင်စုနယ်မြေ ကိုယ်ပိုင်(သို့မဟုတ်)ပုဂ္ဂလိကကျောင်း ကြီးကြပ်ရေးအဖွဲ့နှင့် မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေနံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ ပြည်ထောင်စုနယ်မြေ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး၊ မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များမှ တာဝန်ရှိသူများ၊ ခရိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာများမှ တာရှိသူများ၊ နေပြည်တော်ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။