နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးနှင့် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ် ရေပြင်ရှာဖွေကယ်ဆယ်ရေး၊ စုဖွဲ့ဇာတ်တိုက်လေ့ကျင့်မှု သင်တန်းဆင်းပွဲတက်ရောက်၊ ဆိတ်ခြံ၊ ရေကန်နှင့် စာကြည့်တိုက်အဆောက်အဦဆောက်လုပ်မှုတို့အား ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် နေပြည်တော်ကောင်စီ၏ လမ်းညွှန်ချက်အရ မြိုနယ်မီးသတ်ဦးစီးဌာနမှဦးဆောင်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရေပြင်ရှာဖွေကယ်ဆယ်ရေး၊ စုဖွဲ့ဇာတ်တိုက်လေ့ကျင့်မှုသင်တန်း ဖွင့်လှစ်သင်ကြားခဲ့ရာ ရေပြင်ရှာဖွေကယ်ဆယ်ရေး၊ စုဖွဲ့ဇာတ်တိုက်လေ့ကျင့်မှုသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက အဆိုပါသင်တန်းလေ့ကျင့်သည့် အောင်းကြီးကန်တွင် ကျင်းပခဲ့သည်။