နေပြည်တော်ကောင်စီနယ်မြေ

ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူလက်ဝယ်အရောက် စာအုပ်စာစောင်များ ငှားရမ်းပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူလက်ဝယ်အရောက် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုး‌ရေးရုံးတွင် အခမဲ့ငှားရမ်းပေးခဲ့သည်။

နေပြည်တော်တိုင်းရင်းဆေးရုံကြီးမှ ဇေယျာသီရိမြို့နယ်အတွင်းရှိ ပြည်သူများအား တိုင်းရင်းဆေးဖြင့် ‌ကျန်းမာရေးစောင့်ရှောက်မှုပေး

နေပြည်တော်တိုင်းရင်းဆေးရုံကြီး ကွင်းဆင်းဆေးကုသရေးအဖွဲ့မှ ဇေယျာသီရိမြို့နယ်၊ ရှားစေးဖိုကျေးရွာ ဘက်စုံသုံးခန်းမ၌ ကျေးရွာအတွင်းမှ ပြည်သူများအား ယမန်နေ့နံနက်ပိုင်းက တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဒက္ခိဏခရိုင် ပြည်သူစာကြည့်တိုက်တွင်ကျင်းပသည့် နေပြည်တော်စာပေဝိုင်း၏ လစဉ်စာပေဆွေးနွေးပွဲအခမ်းအနား တက်ရောက်

နေပြည်တော်စာပေဝိုင်း၏ လစဉ်စာပေဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ဒက္ခိဏခရိုင်ရုံး ပြည်သူ့စာကြည့်တိုက်တွင်ကျင်းပရာ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် (စာရေးဆရာ ကိုကိုလှိုင်)၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး(စာရေးဆရာ မြင့်စိုး နတလ)၊ အမျိုးသားစာပေဆုရ စာရေးဆရာ စိုးတင့်(ဧရာဝတီ)၊ နေပြည်တော်စာပေဝိုင်းနာယကဆရာမကြီး တင်ရီမ(ညောင်ဦး)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ နေပြည်တော်စာပေဝိုင်းမှ စာရေးဆရာ၊ ဆရာမများနှင့် စာပေဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။

နေပြည်ဝောာ်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ဒုတိယအကြိမ်အလှူငွေပေးအပ်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေး တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဒုတိယအကြိမ်အလှူငွေပေးအပ်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယ‌မန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နေပြည်ဝောာ်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်‌ ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဌာနကြီးမှူးများ၊ ဆပ်ကော်မတီဝင် များ နှင့် နေပြည်တော်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး လယ်ဝေးမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ခုနှစ်၊ စီမံကိန်းသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး မျိုးစပါးနှင့် သွင်းအားစုများ ပေးအပ်

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ဒုတိယဝန်ကြီး ​ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများဖွံ့ဖြိုးရေးဦးစီးဌာနနှင့် သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယမန်နေ့ညနေပိုင်းက လယ်ဝေးမြို့နယ်၊ ရှားချောင်းကျေးရွာ ဘက်စုံသုံးခန်းမတွင် ကျင်းပသည့်  ၂၀၂၅ - ၂၀၂၆ ခုနှစ်၊ စီမံကိန်းသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး မျိုးစပါးနှင့်သွင်းအားစု ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

တပ်ကုန်းမြို့၌ သွေးလွန်တုပ်ကွေးကာကွယ်ရေးနှင့် ပိုးလောက်လမ်းနှိမ်နင်းရေး အသိပညာပေးဟောပြော

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ သွေးလွန်တုပ်ကွေးကာကွယ်ရေးနှင့် ပိုးလောက်လမ်းနှိမ်နင်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက မြဝတီရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပခဲ့သည်။

ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌  သတင်းဆောင်းပါးရေးသားနည်းသင်တန်း ဖွင့်လှစ်

ဝန်ထမ်းများ၏ လုပ်ငန်းစွမ်း‌ဆောင်ရည်များ တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ သတင်းဆောင်းပါးရေးသားနည်းသင်တန်းကို ယမန်နေ့နံနက်ပိုင်းက ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ ကျင်းပရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရုံးမှ ဒုတိယတိုင်းဦးစီးမှူး ဒေါ်ခင်မာဖြူ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်နှင့် တာဝန်ရှိများ၊ သင်တန်းသူ၊ သင်တန်းသားများ တက်ရောက်သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး စားရေရိက္ခာဖူလုံစေရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ် သစ်ဆိမ့်ပင်‌ကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၈၂၆ တွင် စနစ်ကျလယ်ယာမြေ ၃၁၈ ဧက၌ ရေဆင်းပေါ်ဆန်း ၃ ဧက၊ အောင်နိုင်တိုး ၈၀ ဧက၊ ထိုင်းနှံကောက်  ၂၃၅ ဧက နွေစပါးများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုနှင့် တောင်သူ ဦးသန်းထွန်း၏ နွေစပါး စိုက်ခင်းတွင် ပေါင်းလိုက်သမန်းနှိုးခြင်း၊ ပေါင်းသတ်ဆေးပတ်ဖြန်းနေခြင်းများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူလက်ဝယ်အရောက် စာအုပ်စာစောင်များ ငှားရမ်းပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူလက်ဝယ်အရောက် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်သမဝါယမရုံးတွင် အခမဲ့ငှားရမ်းပေးခဲ့သည်။

နေပြည်တော် အမျိုးသမီးရေးရာအဖွဲ့မှ ဇေယျာသီရိခရိုင်အတွင်း ကလေးငယ်နှင့် အ‌မျိုးသမီးများ၏ဘဝ ဖွံ့ဖြိုးရေးနှင့် ဘိုးဘွားစောင့်ရှောက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အမျိုးသမီးရေးရာအဖွဲ့မှ ဇေယျာသီရိခရိုင်အတွင်းရှိ မြို့နယ်များအတွင်း ကလေးငယ်နှင့် အ‌မျိုးသမီးများ၏ဘဝ ဖွံ့ဖြိုးရေး၊ ဘိုးဘွားစောင့်ရှောက်ရေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ