ကချင်ပြည်နယ်

ဗန်းမော်မြို့တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၊ ခရိုင်/ မြို့နယ်စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး ခရိုင်/မြို့နယ်စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာလ ၃ ရက်နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ မြညီလာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်အဆင့် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြည်နယ်အဆင့်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ

ကချင်ပြည်နယ်အတွင်း (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြည်နယ်အဆင့်ပြိုင်ပွဲကို ဘာသာရပ်အလိုက်၊ ပြိုင်ပွဲအမျိုးအစားအလိုက် စုံလင်စွာဖြင့် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ပြည်နယ်အဆင့်ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီနှင့် ဆပ်ကော်မတီအဖွဲ့ဝင်များ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အမှတ်စဉ်(၁/၂၀၂၄) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကချင်ပြည်နယ်‌ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအနေဖြင့် ဒေသတွင်း ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ခရီးစဉ်ဒေသသစ်များ ဖော်ဆောင်နိုင်ရေးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၁/၂၀၂၄)လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာ ၄ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ဟိုတယ်နှင့်တည်းခိုခန်းလုပ်ငန်းလိုင်စင်သစ်များ ခွင့်ပြုပေးနိုင်ရေးနှင့် ရှေ့လုပ်ငန်းအဖြစ် ခရီးစဉ်ဒေသသစ်များအတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ဗန်းမော်မြို့၌ (၂၀၂၄-၂၀၂၅) ပညာသင်နှစ် ဗန်းမော်တက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ် (ဗန်းမော်)နှင့် နည်းပညာတက္ကသိုလ် (ဗန်းမော်) တို့၌ စာမေးပွဲများ စတင်ဖြေဆို

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် (၂၀၂၄-၂၀၂၅) ပညာသင်နှစ် ဗန်းမော်တက္ကသိုလ် ၊ ကွန်ပျူတာတက္ကသိုလ် (ဗန်းမော်)နှင့် နည်းပညာတက္ကသိုလ် (ဗန်းမော်)တို့၏ ပထမနှစ်ဝက်နှင့် ဒုတိယ နှစ်ဝက် ဘာသာရပ်ပေါင်းစုံ စာမေးပွဲများကို စက်တင်ဘာ ၂ ရက် နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဗန်းမော်တက္ကသိုလ်၊ မံဖာကျေးရွာရှိ နည်းပညာတက္ကသိုလ်(ဗန်းမော်) နှင့် (၃)မိုင် ရွှေပြည်သာရက်ကွက်တွင် ကွန်ပျူတာတက္ကသိုလ် (ဗန်းမော်)တို့ ဖြေဆိုခဲ့ကြောင်း သိရသည်။

ဗန်းမော်မြို့တွင် ၂၀၂၄ ခုနှစ် လူဦးရေးနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း၊ ခရိုင်/မြို့နယ် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေးနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း၊ ခရိုင်/မြို့နယ် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာလ ၃ ရက် နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း မြညီလာခန်းမတွင်ကျင်းပခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အခြေခံပညာအထက်တန်းကျောင်း (စီတာပူ)ကျောင်းခန်းမ၌ ယမန်နေ့နံနက် (၉) နာရီက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် (၄၄၀)ကျော်တို့အတွက် ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဝန်ထမ်းများ နေထိုင်စားသောက်မှုအဆင်ပြေစေရေး ‌ထောက်ပံ့ပေးအပ်မှုများကို အခါအားလျော်စွာ ဆောင်ရွက်ပေးလျက်ရှိရာ ယခုနှစ် ၂၀၂၄ ခုနှစ်အတွင်း (၄)ကြိမ်မြောက်အဖြစ် စက်တင်ဘာ ၃ ရက် နံနက် ၈ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတို့တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်(၄၄၀)ကျော်တို့အတွက် ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေသခံပြည်သူများအတွက် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေး၊ မိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်လှစ်ပေး

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ မြို့တော်မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပပြီး စိမ်းလန်းစိုပြေစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့နံနက် ၇ နာရီက မြစ်ကြီးနားမြို့၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော မိုးရာသီဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားများသို့ တက်ရောက်

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော 10th  Tournament of Hole in One Group ၏ မိုးရာသီဂေါက်သီးရိုက်ပြိုင်ပွဲကို ယမန်နေ့နံနက် ၆ နာရီခွဲက မြစ်ကြီးနားဂေါက်ကလပ်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြိးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ တက်ရောက်ဖွင့်လှစ်ပေးကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ငါးအိုးကျေးရွာအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ဒုတိယနှစ်စက်ဝန်းဖြင့် ဘက်စုံစိုက်ပျိုးမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် မော်ဖောင်း-ငါးအိုးကျေးရွာချင်းဆက် တံတားတည်ဆောက်ရေးလုပ်ငန်းအား ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ မြို့/ရွာများ သန့်ရှင်းသာယာလှပရေးအတွက် အများပြည်သူ ပူးပေါင်းပါဝင်လာစေရေး အပတ်စဉ် စနေနေ့တိုင်း စေတီပုထိုး၊ ဘုရားကျောင်း၊ ကန်များနှင့် အခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဦးဆောင်၍ ယနေ့နံနက် ၇ နာရီခွဲက သန့်ရှင်းရေး လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
Subscribe to ကချင်ပြည်နယ်