ကချင်ပြည်နယ်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ရွှေကူမြို့၌ မြစ်ရေကြီးမှုအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပေးလိုက်လံနှိုးဆော်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီ၏ကြီးကြပ်မှုဖြင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ခံဦးတိုးတိုးထွန်း၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ရေဘေးကြိုတင်ကာကွယ်ရေးအသိပေးနှိုးဆော်မှုကို ဇူလိုင်(၁)ရက် နံနက်(၁၀)နာရီခန့်မှစတင်၍ မြေနိမ့်ပိုင်းရပ်ကွက်များနှင့် ဧရာဝတီမြစ်ကမ်းနံဘေးတစ်လျှောက်ရှိ ရပ်ကွက်/ ကျေးရွာများသို့ လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။

မိုးကောင်းမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူပေါင်းကျင်းပသော မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲကို လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ရေဘေးရှောင်ပြည်သူများအား သွားရောက်တွေ့ဆုံအားပေးထောက်ပံ့၊ ၂၀၂၄ ခုနှစ်၊ အိုလံပစ်နေ့အထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲအား ကြည့်ရှုအားပေးချီးမြှင့်

မြန်မာပြည်မြောက်ဖျားပိုင်း၊ ကချင်ပြည်နယ်အတွင်း မေခနှင့်မလိခမြစ်အထက်ပိုင်း၌ မိုးသည်း ထန်ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၏ စိုးရိမ်ရေမှတ် ၁၂၀၀ စင်တီမီတာ ရှိသည့်အနက် ယမန်နေ့ နံနက်ပိုင်းမှ စတင်ပြီး မြင့်တက်လာခဲ့ရာ ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် စိုးရိမ်ရေ မှတ်အောက် (၁၁၄၀) စင်တီမီတာအထိ မြင့်တက်ခဲ့သဖြင့် မြို့မြေနိမ့်ပိုင်းရပ်ကွက်များတွင် ရေများဝင်ရောက်ခဲ့ပြီး ပြည်သူများအား လတ်တလော ရေဘေးရှောင်စခန်း (၉) နေရာဖွင့်လှစ်၍ ကူညီကယ်ဆယ် ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲ (၂) နာရီက ရေဘေးရှောင်ပြည်သူများအား သွားရောက်တွေ့ဆုံ အားပေးထောက်ပံ့ပေးသည်။

ဗန်းမော်မြို့ ‌မြေနိမ့်ရပ်ကွက်များတွင် မြစ်ရေကြီးမှုအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပေးလိုက်လံနှိုးဆော်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီ၏ကြီးကြပ်မှုဖြင့် ဗန်းမော်မြို့နယ် မီးသတ်ဦးစီးဌာနတာဝန်ခံ ဦးစည်သူအောင်နှင့် မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများ ပူးပေါင်း၍ ရေဘေးကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်မှုကို ယနေ့နံနက်(၁၀)နာရီခွဲအချိန်မှစတင်၍ မြေနိမ့်ပိုင်းရပ်ကွက်များနှင့် ဧရာဝတီမြစ်ကမ်းနံဘေးတစ်လျှောက်ရှိ ရပ်ကွက်များသို့ လှည့်လည်အသိပေး နှိုးဆော် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

မိုးကောင်းမြို့ Community Centre ခန်းမ၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် Community Centre ခန်းမ၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီတွင် ကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် လီဆူယဉ်ကျေးမှုကွင်းအတွင်း ၂၀၂၄ ခုနှစ်၊ စတုတ္ထအကြိမ် ပြည်နယ်အဆင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်ပြီး အရိပ်ရပျိုးပင်ပေါင်း (၈၀၀) ကျော် စိုက်ပျိုးပေး

ရာသီဥတုပြောင်းလဲမှုနှင့် အပူဒဏ်ကာကွယ်နိုင်ရေး၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ပြီး ပြည်သူများသစ်တောသစ်များ၏ တန်ဖိုးကိုသိရှိနားလည် မြတ်နိုးသည့် စိတ်ဓာတ်ဖြစ်ပေါ်လာ၍ သစ်ပင်စိုက်ပျိုးခြင်းနှင့် သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများတွင် ပိုမိုပူးပေါင်းပါဝင်ဆောင်ရွက်လာစေရေး ရည်ရွယ်၍ ပြည်နယ်သစ်တောဦးစီးဌာနက မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်၊ လီဆူယဉ်ကျေးမှုကွင်းအတွင်း ယနေ့နံနက် ၇ နာရီခွဲက ၂၀၂၄ ခုနှစ် စတုတ္ထအကြိမ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပပြုလုပ်ခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲနှင့် ကချင်ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ၏ (၂/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြစ်ကြီးနားမြို့ ကုတင် (၅၀၀) ဆံ့ ပြည်သူ့ဆေးရုံဝင်းအတွင်း ဆေးရုံပင်မဆောင်ရှေ့မြေကွက်လပ်၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ဇွန် ၂၈ ရက် နံနက် ၇ နာရီခွဲက ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

ကချင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဒေသခံတိုင်းရင်းသားများအတွက် ရပ်/ရွာအခြေပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲနှင့် ပန်းအလှပြင်သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

ကချင်ပြည်နယ်တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ ဒေသတွင်းတိုင်းရင်းသားလူငယ်များအတွက် သက်မွေးပညာများတတ်မြှောက်၍ မိသားစုဝင်ငွေတိုးပွားရေး၊ အသေးစားလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဖွင့်လှစ်ပေးခဲ့သော ရပ်ရွာအခြေပြုအခြေခံစက်ချုပ်သင်တန်းဆင်းပွဲနှင့် ပန်းအလှပြင်သင်တန်းဖွင့်ပွဲ အခမ်းအနားကို မြစ်ကြီးနားမြို့ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ် အမျိုးသမီး‌ရေးရာအဖွဲ့၏ ၂၀၂၃ ခုနှစ် နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ရှင်းလင်းခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေးကျင်းပ

ကချင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၏ ၂၀၂၃ ခုနှစ်၊ နှစ်ပတ်လည်အစည်းအဝေးထပ်ဆင့်ရှင်းလင်းခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ပြည်နယ်/ ခရိုင်/ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ဇွန်လ ၂၇ ရက်နေ့တွင် ကျင်းပပြုလုပ်သည်။

မိုးညှင်းတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသားအမျိုးသမီး တံခွန်စိုက် ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ပြိုင်ပွဲများကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်တွင် ယနေ့နံနက် (၉) နာရီက တက္ကသိုလ်ဘက်စုံ သုံးအားကစားခန်းမ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသားအမျိုးသမီး တံခွန်စိုက် ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ပြိုင်ပွဲများ ကျင်းပသည်။
Subscribe to ကချင်ပြည်နယ်