ကချင်ပြည်နယ်

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝိုင်းမော်မြို့၌ ယာယီနေ့ရပ်စွန့်ခွာပြည်သူများအား သွားရောက်တွေ့ဆုံအားပေးထောက်ပံ့၊ ယာယီနေ့ရပ်စွန့်ခွာစခန်းသို့ သွားရောက်ကြည့်ရှုလိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်းနယ်မြေမတည်ငြိမ်မှု ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား နေထိုင်စားသောက်မှု အဆင်ပြေစေရေးအတွက် စဉ်ဆက်မပြတ် စီမံဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့နံနက် ၉ နာရီခွဲက ဝိုင်းမော်မြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆမားခန်းမ၌ မြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအား သွားရောက်တွေ့ဆုံအားပေးထောက်ပံ့သည်။

ဗန်းမော်မြို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်လတ် အဆင့်မြင့်ပညာကျောင်းများနှင့် အခြေခံပညာကျောင်းများသို့ လှည့်လည်ကြည့်ရှု

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ဖွင့်လှစ်သင်ကြားနေသော အဆင့်မြင့်ပညာကျောင်းများနှင့် အခြေခံပညာကျောင်းများသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်လတ်နှင့် အဖွဲ့ဝင်များက ယမန်နေ့ နံနက် ၁၀ နာရီခွဲမှစ၍ လှည့်လည်ကြည့်ရှုအားပေး စကားပြောခဲ့ကြောင်း သိရသည်။

ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော် ဝင်ရောက်ယှဉ်ပြိုင် အောင်မြင်မှုရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်သို့ ကချင်ပြည်နယ် အားကစားအသင်းများ ဝင်ရောက်ယှဉ်ပြိုင် အောင်မြင်မှုရရှိရေးအတွက် ပြည်နယ်အားကစားနည်းအလိုက် ဆပ်ကော်မတီများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၁) နာရီက ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ဝိုင်းမော်မြို့နယ်၊ မန်‌ဒေါင်ကျေးရွာ၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေး‌နေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပွဲ အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်း‌မော်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ယမန်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးနေ့ သစ်ပင်၊ ပန်းပင်စိုက်ပျိုးခြင်း အခမ်းအနားကို မန်‌ဒေါင်ကျေးရွာအုပ်စု၊ ခဝမ်‌ကျေးရွာ၊ (အမက) မူလွန်‌ကျောင်းဝင်းတွင် ဝိုင်းမော်မြို့နယ် သစ်တောဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်သစ်‌တောဝန်ထမ်းများ၊‌ ကျေးရွာရပ်မိရပ်ဖတို့ ပူးပေါင်းကာ ယမန်နေ့နံနက် ၇ နာရီက ကျင်းပပြုလုပ်ခဲ့ကြသည်။

တနိုင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပွဲအခမ်းအနား ကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပွဲကို ယမန်နေ့နံနက် ၇ နာရီက လီဒိုလမ်းမကြီးဝဲယာတစ်လျှောက် ဌာနဆိုင်ရာများ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းနားသို့တက်ရောက်၊ ပြည်နယ်အဆင့်သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများအား ဆုချီးမြှင့်ခြင်း၊ ဗန်းမော်မြို့အဝေးပြေးယာဉ်ရပ်နားစခန်း တည်‌ဆောက်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

“သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး၊ Land restoration, desertification and drought restoration” ဆောင်ပုဒ်ဖြင့် ၂၀၂၄ ခုနှစ် မေလ ၅ ရက်နေ့တွင်ကျ‌ရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်း မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းနားသို့တက်ရောက်၊ ပြည်နယ်အဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများအား ဆုချီးမြှင့်ခြင်း၊ ဗန်းမော်မြို့အဝေးပြေးယာဉ်ရပ်နားစခန်း တည်‌ဆောက်နိုင်ရေး လုပ်ငန်းညှိနှိုင်

“သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး၊ Land restoration, desertification and drought restoration” ဆောင်ပုဒ်ဖြင့် ၂၀၂၄ ခုနှစ် မေလ ၅ ရက်နေ့တွင်ကျ‌ရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်း မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။

မိုးညှင်းတက္ကသိုလ်၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားနှင့် ဆုပေးပွဲကျင်းပ

မိုးညှင်းတက္ကသိုလ်၌ ၂၀၂၄ ခုနှစ် ဇွန်လ (၅) ရက်တွင် ကျရောက်သည့် (၅၂) ကြိမ်မြောက် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားနှင့် ဆုချီးမြှင့်ပေးအပ်ပွဲကို ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်တွင် ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပခဲ့သည်။

ပူတာအိုမြို့၌ ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့်နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(ပူတာအို)တို့ ပူးပေါင်းမှုဖြင့် ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်(၇)နာရီက နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်း (ပူတာအို) ကျောင်းခန်းမ၌ ကျင်းပသည်။

ဗန်းမော်မြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် စာစီစာကုံးဆုချီးမြှင့်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဗန်းမော်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကျင်းပသော ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ဗန်းမော်မြို့တော်ခန်းမတွင် ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်