ကချင်ပြည်နယ်

ကချင်ပြည်နယ် ၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် ဗဟိုအဆင့်ပြိုင်ပွဲသို့ အောင်မြင်စွာ ယှဉ်ပြိုင်နိုင်ရေး အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကျင်းပ

၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြည်နယ်အဆင့် ပြိုင်ပွဲကို စက်တင်ဘာ ၁၂ ရက်နေ့မှ စတင်ကျင်းပခဲ့ရာ ဆုချီးမြှင့်ပွဲနှင့် ဗဟိုအဆင့်ပြိုင်ပွဲသို့ အောင်မြင်စွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများ ပေးအပ်ပွဲကို ယမန်နေ့ညနေ (၃) နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနား တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။

ဗန်းမော်မြို့တွင် ၂၀၂၄ ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ကြီးမှူး၍ ၂၀၂၄ ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲခန့်က ဗန်းမော်မြို့ မြို့တော်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြည်နယ်အဆင့်ပြိုင်ပွဲ ဒုတိယနေ့ ကျင်းပမှုအား ကြည့်ရှုအားပေး၊ ပရဟိတဂေဟာများ၊ ဘိုးဘွားရိပ်သာများ၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအတွက် ထောက်ပံ့

၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြည်နယ်အဆင့်ပြိုင်ပွဲကို စက်တင်ဘာ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ (၃)ရက်ကြာ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြိုင်ပွဲ ဒုတိယနေ့ ကျင်းပပြုလုပ်နေမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ကချင်ပြည်နယ် ၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ၊ ပြိုင်ပွဲပထမနေ့အဖြစ် ဘာသာရပ်အလိုက် ပြိုင်ပွဲဝင်ဦးရေ (၅၄)ဦး ဝင်ရောက်ယှဉ်ပြိုင်

၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြည်နယ်အဆင့် ပြိုင်ပွဲကို စက်တင်ဘာ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ (၃)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။

ချီဖွေမြို့နယ်တွင် လူငယ်စကားဝိုင်း ကျင်းပ

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံ ပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များ အသိပညာဗဟုသုတများ ရရှိစေရေး၊ ဉာဏ်ပညာမြင့်မား ရေး၊ ကိုယ်ရည်ကိုယ်သွေးမြင့်မားရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လူငယ်စကားဝိုင်းကို စက်တင်ဘာလ(၉)ရက်နေ့ နံနက်(၉)နာရီခွဲတွင် ချီဖွေမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မော်တော်ယာဉ်ရပ်နားရန်နေရာ အဆောက်အဦသစ်အား ဖွင့်လှစ်၊ ရှာဖွေကယ်ဆယ်ရေး သင်တန်းဖွင့်ပွဲနှင့် ကချင်ပြည်နယ် ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊ ကုန်စည်ဒိုင် ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ကချင်ပြည်နယ် မီးသတ်ဦးစီးဌာန၌ ပိုမိုတိုးတက် များပြားလာသည့် ခေတ်မီမီးငြှိမ်းသတ်ယာဉ်များနှင့် ရှာဖွေကယ်ဆယ်ရေးယာဉ်များ စနစ်တကျ အသုံးပြုထိန်းသိမ်းနိုင်ရေးအတွက် မီးသတ်ဦးစီး ဌာနရုံးဝင်းအတွင်း ပြည်နယ်ရန်ပုံငွေဖြင့် တည်ဆောက်ပေးခဲ့သော မော်တော်ယာဉ်များ ရပ်နားရန် နေရာ အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၈) နာရီက အဆိုပါ ဦးစီးဌာနရုံး အဆောက်အဦသစ်ရှေ့၌ ကျင်းပပြုလုပ်သည်။

မြစ်ကြီးနားမြို့၌ မျောက်ကျောက်ရောဂါ (Mpox) အကြောင်း အသိပညာပေး ဆွေးနွေးပွဲကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မနောရွှေပြည်ခန်းမ၌ မျောက်ကျောက်ရောဂါ (Mpox) အကြောင်း အသိပညာပွဲဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးထွန်းက အဖွင့်အမှာစကား ပြောကြားသည်။

မြစ်ကြီးနားမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အမှတ်(၁) နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပရာ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထက်က အဖွင့်အမှာစကား ပြောကြားသည်။

ကချင်ပြည်နယ် e-Government ဦးဆောင်ကော်မတီက ကြီးမှူးဖွင့်လှစ်သော e-Government ဆိုင်ရာ အထောက်အကူပြု ကွန်ပျူတာအခြေခံသင်တန်းနှင့် အဆင့်မြင့်သင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲကျင်းပ

ကချင်ပြည်နယ် e-Government ဦးဆောင်ကော်မတီက ကြီးမှူးဖွင့်လှစ်သော e-Govern-ment ဆိုင်ရာ အထောက်အကူပြု ကွန်ပျူတာအခြေခံသင်တန်း (၁/၂၀၂၄)နှင့် အဆင့်မြင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရ အဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် YFT မိုးရာသီအလွတ်တန်းကလပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်

ကချင်ပြည်နယ်အတွင်း ဖူဆယ်အားကစားတိုးတက်မြင့်မားရေး၊ မျိုးဆက်သစ်လူငယ်အားကစားသမားများ ပေါ်ထွန်းလာ‌ရေးအတွက် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ဘောလုံးအဖွဲ့ချုပ်၊ ပြည်နယ်ဖူဆယ်ဆပ်ကော်မတီနှင့် YFT ဖူဆယ်ဘောလုံးကလပ်တို့ ပူးပေါင်းကျင်းပသည့် YFT မိုးရာသီအလွတ်တန်း ကလပ်ပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို မြစ်ကြီးနားမြို့ သီတာရပ်ကွက် ငြိမ်းချမ်းသာယာအားကစားရပ်ဝန်း အတွင်းရှိ ငြိမ်းချမ်းသာယာဖူဆယ်အားကစားရုံ၌ ကျင်းပပြုလုပ်သည်။
Subscribe to ကချင်ပြည်နယ်