နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ကချင်ပြည်နယ် ဝန်ကြီးချုပ်တို့ ကယ်ဆယ်ရေးပစ္စည်း သိုလှောင်ရုံနှင့် ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ကြည့်ရှု
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများလိုက်ပါလျှက် ယမန်နေ့နံနက်ပိုင်းတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးနှင့် ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံသို့ သွားရောက်ပြီး မြစ်ကြီးနားခရိုင်အတွင်း ဖြစ်ပွားခဲ့သည့် ရေကြီး ရေလျှံမှုကြောင့် ဘေးသင့်ခဲ့သူများအားထောက်ပံ့ရန် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ပေးပို့ထားသည့် ကယ်ဆယ်ရေးပစ္စည်းများနှင့်၊ သိုလှောင်ရုံအတွင်း ပစ္စည်းများ သိုလှောင်ထားရှိမှု ၊ ကယ်ဆယ်ထောက်ပံ့မှုလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှု စစ်ဆေးခဲ့သည်။