ကချင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး အခြေခံပညာကျောင်းများနှင့် အဆင့်မြင့်ပညာကျောင်းများ သင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး စိုက်ပျိုးရေးဆောင်ရွက်သော ကျေးရွာများအတွင်း ရန်ပုံငွေ လွှဲပြောင်းပေးအပ်
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်ဒီဂရီကောလိပ်များ သင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် နိုင်ငံ့စီးပွားမြှင့် တင်ရေးရန်ပုံငွေ ဒုတိယနှစ်စက်ဝန်းဖြင့် စိုက်ပျိုးရေးဆောင်ရွက်သော ကျေးရွာစီမံကိန်းဆောင်ရွက် နိုင်ရေးအတွက် ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ခြင်းကို ဇွန် ၁၉ ရက်က ဗန်းမော်မြို့၌ ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။