ကချင်ပြည်နယ်ဝန်ကြီးချုပ် ကမ်းနားလမ်းတစ်လျှောက် အများပြည်သူအပန်းဖြေနေရာများတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်၊ ကမ်းထိန်းသစ်ပင်များ စိုက်ပျိုးနိုင်ရေးကွင်းဆင်းစစ်ဆေး
ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများအနေဖြင့် မြို့ပြသန့်ရှင်းသာယာလှပရေးနှင့် သန့်ရှင်းရေးလုပ်ငန်းများတွင် အများပြည်သူ ပူးပေါင်းပါဝင်လာစေရေးအတွက် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ ညနေ ၄ နာရီခွဲက မြစ်ကြီးနားမြို့ ကမ်းနားလမ်းတစ်လျှောက် အများပြည်သူအပန်းဖြေနေရာများတွင် စုပေါင်း သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြသည်။