မိုးကောင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြောင့် မိုးသီးနှံ(မိုးစပါး)ဧကများ ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် ကျေးရွာတောင်သူများသို့ ပြည်နယ်အရေးပေါ်ရန်ပုံငွေများထောက်ပံ့ပေးအပ်
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ် ကြောင့် မိုးသီးနှံ (မိုးစပါး) ဧကများ ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် ကျေးရွာတောင်သူများသို့ ပြည်နယ် အရေးပေါ်ရန်ပုံငွေများ ထောက်ပံ့ပေးအပ်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ယမေန်နေ့ မွန်းလွဲ(၁)နာရီက ကျင်းပသည်။