ပူတာအိုမြို့၌ အဆောက်အဦး စာရင်းတင်ခြင်းလုပ်ငန်း (Application)အသုံးပြု၍ လက်တွေ့ကွင်းဆင်း ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပူတာအိုခရိုင်/မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများအနေဖြင့် ၂၀၂၄-ခုနှစ် သန်ခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် အဆောက်အဦးစာရင်းတင်ခြင်းလုပ်ငန်း (Application)အသုံးပြု၍ လက်တွေ့မြေပြင် ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းကို ယနေ့နံနက် (၁၀)နာရီက ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်၌ ကွင်းဆင်းကောက်ယူခဲ့ကြောင်း သိရသည်။