ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ မြစ်ကြီးနား အမှတ်(၁)နှင့် အမှတ် (၂)ဈေးမိသားစုများ၏ ခရစ္စမတ်ဝတ်ပြုဆုတောင်းပွဲသို့ တက်ရောက်အားပေး၊ ဈေးဝန်ထမ်းများနှင့် မျက်မမြင်ကျောင်းတို့ထံ ထောက်ပံ့ပစ္စည်းများပေးအပ်
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ အမှတ်(၁)၊ အမှတ်(၂)ဈေးနှင့် ရေစင်ကွင်းဈေး မိသားစုများ၏ ခရစ္စမတ်ဝတ်ပြုဆုတောင်းပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါ ဈေးနှစ်ဈေးခြားရှိ ဈေးကြီးလမ်းမပေါ်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်တို့ တက်ရောက်အားပေးကြသည်။