မြစ်ကြီးနားမြို့၌ ကချင်ပြည်နယ်အစိုးရအဖွဲ့မိသားစု ခရစ္စမတ်ဝတ်ပြုဆုတောင်းပွဲတော် ကျင်းပ
ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် ပြည်နယ်အစိုးရအဖွဲ့၏ မိသားစု ခရစ္စမတ်ဝတ်ပြုဆုတောင်းပွဲတော်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ ကျင်းပပြုလုပ်သည်။