အင်းတော်ကြီးအိုင်နှင့် ဆက်စပ်ရေဝပ်ဒေသများတွင် နိုဝင်ဘာလအတွင်း ရှားပါးဆောင်းခိုငှက် မျိုးစိတ်များနှင့် ဒေသရင်းရေပျော်ငှက်မျိုးစိတ်များ စုစုပေါင်း (၄၇)မျိုး၊ ကောင်ရေ (၁၉၆၁၇) ကောင် စာရင်းကောက်ယူနိုင်
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်ရှိ မြန်မာနိုင်ငံတွင် အကြီးဆုံး ကုန်းတွင်းရေချို အိုင်ကြီးဖြစ်သည့် အင်းတော်ကြီးအိုင်နှင့် ဆက်စပ်ရေဝပ်ဒေသများတွင် နိုဝင်ဘာလအတွင်း တွေ့ရှိရသည့် ရှားပါးဆောင်းခိုငှက်မျိုးစိတ်များနှင့် ဒေသရင်း ရေပျော်ငှက်မျိုးစိတ်များ စုစုပေါင်း (၄၇)မျိုး၊ ကောင်ရေ (၁၉၆၁၇)ကောင်ကို စာရင်းကောက်ယူနိုင်ခဲ့ကြောင်း အင်းတော်ကြီးဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။