ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒီဇင်ဘာအားကစားလ ပထမအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်
ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲ ပထမအပတ်အဖြစ် ယမန်နေ့ နံနက် ၅ နာရီခွဲက မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်ရာ သီတာရပ်ကွက် ပြည်နယ်ဘောလုံးကွင်းရှေ့ စုရပ်မှ တစ်ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ခဲ့ကြ သည်။