ကချင်ပြည်နယ်ဝန်ကြီးချုပ် ငွေစာရင်းထိန်းသိမ်းရေးနည်းလမ်းနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ သင်တန်းဆင်းပွဲ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅)နှစ်မြောက်နှစ်ပတ်လည်နေ့နှင့် ဗလမင်းထင် ဧက ၁၀၀ စံပြစိုက်ကွင်း၌ ကျင်းပပြုလုပ်သည့် ဈေးရောင်းပွဲတော်များသို့ တက်ရောက်
ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ အခြေခံစာရင်းပြုဌာနများအတွက် ငွေစာရင်းထိန်း သိမ်းနည်းလမ်းနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ စာရင်းများ (ရသစ-၆) ပြုစုရေးဆွဲနည်း (ရက်တို) သင်တန်း(၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနား၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ (၃၅)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဝန်ထမ်းများအား အခြေခံစားသောက် ကုန်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို နိုဝင်ဘာ ၆ ရက် ညနေ ၃ နာရီက ပြည်နယ်အစိုးရ အဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။