ကချင်ပြည်နယ်ဝန်ကြီးချုပ် မြို့သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးနှင့် မနောကွင်းအတွင်း သစ်ပင်ပေါင်း ၃၀၀၀၀ ကို စုပေါင်းစိုက်ပျိုးပေးပြီး မြစ်ကြီးနားတက္ကသိုလ် သတ္တဗေဒဌာနမိသားစု၏ အာစရိယပူဇော်ပွဲ၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် နှုတ်ဆက်ပွဲများသို့ တက်ရော
ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ မြို့ရွာများသန့်ရှင်းသာယာလှပစေရေး အပတ်စဉ် စနေနေ့တိုင်းစုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဘုရားကျောင်းကန်နေရာများ၊ အများပြည်သူဝင်/ ထွက်သွားလာရာနေရာများ၊ အခြေခံပညာကျောင်းများတွင် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၇ နာရီတွင် မြစ်ကြီးနားမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် သန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။