မချမ်းဘောမြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်ရေးရာဟောပြောပွဲနှင့် စကားပုံဆက်ပြိုင်ပွဲကျင်းပ
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ကျောင်းသားလူငယ်များ ဗလငါးတန် ဖွံ့ဖြိုးလာစေရန်နှင့် မြန်မာစကားပုံများကို လေ့လာသိရှိစေရန် ရည်ရွယ်၍ လူငယ်ရေးရာဟောပြောပွဲနှင့် စကားပုံဆက်ပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ ၁နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။