ကချင်ပြည်နယ်

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့မူးယစ်ဆေးစွဲရောဂါကုဆေးရုံနှင့် ပြည်သူ့ဆေးရုံကြီးအတွင်း ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ နယ်မြေခံတပ်မတော်သားများ၏ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်အစိုးရအဖွဲ့မှဦးဆောင်၍ သန့်ရှင်းသပ်ရပ်သော မြို့ပြများပေါ်ထွန်းလာစေရေးအတွက် အပတ်စဉ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် ယမန်နေ့နံနက် ၇ နာရီက မြစ်ကြီးနားမြို့ရှိ မူးယစ်ဆေးစွဲရောဂါကုဆေးရုံနှင့် ကုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။

မချမ်းဘောမြို့နယ်တွင် ရန်ဇာရှီး (ခေါ်) ဆူးကပ်သီးများလှိုင်လှိုင်ထွက်ရှိ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ရန်ဇာရှီး (ခေါ်) ဆူးကပ်သီးများ လှိုင်လှိုင်ထွက်ရှိပြီဖြစ်ပြီး မိသားစုအပိုဝင်ငွေ ရရှိရန်အတွက် ကောက်ယူရောင်းချသူများရှိကြောင်း သိရသည်။

မိုးမောက်မြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲဆောင်ရွက်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ အလက(ခွဲ)အောင်မြေကျောင်းခန်းမ၌ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးညှင်းခရိုင်လူထုအခြေပြုဗဟိုဌာန၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲများကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေး‌ဟောပြောပွဲ၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင် ပြပွဲများကို ယမန်နေ့နံနက် (၁၀)နာရီက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။

ဗန်းမော်မြို့ အ.လ.က(၁)တွင် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းခန်းမ၌ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဗန်းမော်ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွှဲ ၁ နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကချင်တိုင်းရင်းသား ခခူးရိုးရာဝတ်စုံ ဂျပ်ခုတ်ရက်ကန်းအကြောင်း သိကောင်းစရာ

မြန်မာနိုင်ငံတွင် နေထိုင်ကြသည့် တိုင်းရင်းသားမျိုးနွယ်စုပေါင်း (၁၃၅) မျိုးရှိသည့်အနက် ကချင်တိုင်းရင်းသား လူမျိုးစုများသည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။ ကချင်တိုင်းရင်းသား လူမျိုးတွင် မျိုးနွယ်စု (၆)စုရှိသည်။ ယင်းမျိုးနွယ်စုများမှာ ဂျိမ်းဖော၊ ဇိုင်ဝါး၊ လာချိတ်၊ လီဆူ၊ ရဝမ်နှင့် မရူတို့ ဖြစ်ပါသည်။ ထို့အပြင် ကချင်လူမျိုးစု (၆)စုနှင့်အတူ ဗမာ၊ ရှမ်းလူမျိုးစုနှင့် အခြားသော လူမျိုးစုများ လည်း နေထိုင်ကြလျက်ရှိသည်။

မြစ်ကြီးနားမြို့၌ လျှပ်စစ်မိန်းဘုတ်ခုံ အပူလွန်ကဲရာမှ ဝါယာကြိုးများ လောင်ကျွမ်းပြီး မျက်နှာကျက် သို့ မီးကူးစက်လောင်ကျွမ်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရန်ကြီးအောင်ရပ်ကွက်၊ နယ်မြေ (၁၀) အိမ်အမှတ် (၃၆၄) တွင် လျှပ်စစ်မိန်းဘုတ်ခုံ အပူလွန်ကဲရာမှ သွယ်တန်းထားသော ဝါယာကြိုးများ လောင်ကျွမ်းပြီး မျက်နှာကျက်သို့ မီးကူးစက်လောင်ကျွမ်းမှု ယနေ့ နံနက် ၁၁ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ သိရ သည်။

ချီဖွေမြို့နယ်၊ အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေးလူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ဘာလဲ့ရပကွက်ရှိ အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၁၁) နာရီတွင် အဆိုပါကျောင်း၌ ကျင်းပခဲ့သည်။

တနိုင်းမြို့၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အ.ထ.က-၁ ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

မချမ်းဘောမြို့၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အာစရိယပူဇော်ပွဲ အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ၂၀၂၃ ခုနှစ် ယနေ့တွင် ကျရောက်သော ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အာစရိယပူဇော်ပွဲ အခမ်းအနား ကို ယမန်နေ့ နံနက် ၁၀ နာရီက အထက (မချမ်းဘော) ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to ကချင်ပြည်နယ်