ဟိုပင်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး သရက်ချောင်းရေ မြင့်တက်လာမှုကြောင့် မြေနိမ့်ပိုင်းနေရာများတွင် ရေများစတင်ဝင်ရောက်
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့တွင် ဇူလိုင်လ ၂၇ ရက်၊ နံနက် ၅ နာရီခန့်တွင် သရက်ချောင်းရေ မြင့်တက်လာသဖြင့် မြေနိမ့်ပိုင်းနေရာများဖြစ်သော မြို့မမြောက်ရပ်ကွက်နှင့် မြဇေယျာရပ်ကွက်၊ ချောင်းသာယာရပ်ရှိ လူနေအိမ်များတွင် ရေများစတင်ဝင်ရောက်ခဲ့ကြောင်း သိရသည်။