ကချင်ပြည်နယ်

ဆွမ်ပရာဘွမ်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဖလား မိုးရာသီ အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်း၌ စိတ်ဓာတ်၊ စည်းကမ်းပြည့်ဝသည့် အနာဂတ်လူငယ် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်လျက် ၂၀၂၃ခုနှစ်၊ ဆွမ်ပရာဘွမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား မိုးရာသီ အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲဗိုလ်လုပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ညနေ (၃) နာရီခွဲက မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

မိုးကောင်းမြို့နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ မြို့နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီတွင် အထက(၁) ကျောင်း မဉ္ဇူသကခန်းမ၌ ကျင်းပခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

မြန်မာပြည်မြောက်ဖျား ပူတာအိုဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်း စားရေရိက္ခာဖူလုံရေး အတွက် ပူတာအိုမြို့၌ ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်ဝန်ကြီးများ၊ ပူတာအိုအခြေချစစ်ဗျူဟာမှူး၊ ဌာနဆိုင် ရာတာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၁၈ ရက် နံနက် ၈ နာရီက မချမ်းဘောမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်သည်။

ဝိုင်းမော်မြို့နယ်၌ အခြေခံဂဟေဆက်သင်တန်းအမှတ်စဉ် (၁/၂၀၂၃) ဖွင့်လှစ်

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြည်နယ်ကလေးအလုပ်သမား ပပျောက် ရေးကော်မတီ၊ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေး လုပ်ငန်းဆပ်ကော်မတီမှ ကြီးမှူး ဖွင့်လှစ်သည့် အခြေခံဂဟေဆက်သင်တန်းအမှတ်စဉ် (၁/၂၀၂၃) ဖွင့်လှစ်ခြင်း အခမ်းအနားကို စက်တင်ဘာ ၁၉ ရက် နံနက် ၉ နာရီက ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအုပ်စု ကက်သလစ် အသင်းတော်ရှိ ယာယီ တိုက်ပွဲရှောင်စခန်း ဝတ်ပြုခန်းမဆောင်တွင် ကျင်းပခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား ကလပ်အသင်းပေါင်းစုံ (အမျိုးသား)ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် ကလပ်အသင်းပေါင်းစုံ (အမျိုးသား) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို စက်တင်ဘာ ၁၈ ရက် ညနေ ၃ နာရီခွဲက မြစ်ကြီးနားမြို့ရှိ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပခဲ့သည်။

ဆဒုံးမြို့တွင် တောင်ယာငရုပ်သီးပေါ်စ ဈေးကောင်းရရှိသဖြင့် မိသားစုအပိုဝင်ငွေရရှိ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့ရှိ ကျေးရွာများရှိ ဒေသခံများသည် မိသားစု စားဝတ်နေရေးအတွက် ဆန်စပါး၊ အခြားသီးနှံများနှင့်အတူ တောင်ယာငရုပ်သီးများကို  အဓိကထား စိုက်ပျိုးလျက်ရှိရာ ငရုပ်သီးများပေါ်စတွင် ဈေးကောင်းရရှိသဖြင့် မိသားစု အပိုဝင်ငွေရရှိကြောင်း သိရသည်။

ချီဖွေမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေး

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ အသက် (၉)နှစ် ပြည့်ပြီး (၁၂) နှစ်မကျော်သည့် မိန်းကလေးငယ်များအား ကျောင်းအခြေပြု သားအိမ်ခေါင်း ကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း (ချီဖွေ) ၌ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက လိုက်လံ ဆောင်ရွက်ပေးသည်။

ဗန်းမော်မြို့တွင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆိုအက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့တွင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပကို အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း မြညီလာ ခန်းမတွင် စက်တင်ဘာ ၁၈ ရက် နံနက် ၉ နာရီခွဲခန့်က ကျင်းပခဲ့သည်။

မိုးညှင်းမြို့ ဇေယျသုခဝါဆိုကျောင်း၌ မာရဝိဇယဗုဒ္ဓရုပ်ပွာတော်မြတ်ကြီး ပုံစံတူဆင်းတုတော်အား တာဝန်ရှိသူများမှ သွားရောက်ဆက်ကပ်

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ ဇေယျသုခဝါဆိုကျောင်း၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပုံစံတူဆင်းတုတော်အား ယနေ့မွန်းလွဲ(၁)နာရီက တာဝန်ရှိသူများမှ သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ဝိုင်းမော်မြို့နယ်ရှိ ရဟန္တာတစ်ထောင်ရှင် ပင်မြတ်စွာရွှေမိုးတောင်စေတီတော်ကြီး ရွှေသင်္ကန်းကပ်လှူရေးလုပ်ငန်းများအဆင်ပြေချောမွေ့ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအုပ်စုရှိ ရဟန္တာတစ်ထောင် ရှင်ပင်မြတ်စွာ ရွှေမိုးတောင်စေတီတော်ကြီး ရွှေသင်္ကန်းကပ်လှူရေး လုပ်ငန်းများအဆင်ပြေ ချောမွေ့စွာဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၂)၌ ကျင်းပခဲ့သည်။
Subscribe to ကချင်ပြည်နယ်