ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဗန်းမော်ခရိုင်အတွင်း ဝက်မွေးမြူရေးစံပြကျေးရွာအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် (၇)မိုင်အောင်သာကျေးရွာ ဝက်မွေးမြူရေး ဆောင်ရွက်နေမှုနှင့် ခရိုင်မနောကွင်း တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး
ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ် (၇)မိုင်အောင်သာကျေးရွာအား ဝက်မွေးမြူရေး စံပြကျေးရွာအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် ၈ နာရီခွဲ အဆိုပါ ကျေးရွာရှိ ဝက်မွေးမြူရေးလုပ်ငန်းများအား သွားရောက်ကွင်းဆင်း စစ်ဆေးကြသည်။