ကချင်ပြည်နယ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ မြစ်ကြီးနားမြို့နေ ပြည်သူများအားသက်သာဈေးရောင်းချပေးနေမှု၊ ၂၀၂၃ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားနှင့် ကချင်ပြည်နယ် ပညာရေးမိသားစုများနှင့်တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်နှင့်အညီ ကချင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းဆောင်တာများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး မြစ်ကြီးနားမြို့သို့ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့၌ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

ဗန်းမော်မြို့တွင် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ

ဗန်းမော်မြို့နယ် ကြက်ခြေနီအသင်းခွဲကကြီးမှူး၍ ၂၀၂၃ ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ် အခမ်းအနားကို ဗန်းမော်မြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း မြဝတီခန်းမ၌ ယနေ့နံနက် ၈နာရီခွဲခန့်က ကျင်းခဲ့ကြောင်းသိရသည်။

ကာမိုင်းမြို့၌ စာပေချစ်သူများအသင်းဖြင့်စာဖတ်ဝိုင်းဆောင်ရွက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ပြည်သူများအားစာပေချစ်မြတ်နိုးစေရန်၊ စာဖတ်သည့်အလေ့အထ ရရှိစေရန်နှင့် စာပေမှအသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားသည့် လူငယ်နှင့် အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း စာအုပ်ဖြင့်စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ (၁) နာရီက ကျင်းပခဲ့သည်။

မချမ်းဘော မြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊မချမ်းဘောမြို့တွင်ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံဖြိုးလာစေရန်နှင့် စာဖတ်စွမ်းရည်မြင့်မားလာစေရန်ရည်ရွယ်၍ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်း အမှတ်အဖြစ် ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့မွန်းလွဲ ၁နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

ချီဖွေမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်အတွင်းရှိ အသက်(၉)နှစ်မှ အသက် (၁၂) နှစ်မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၉) နာရီခွဲတွင် မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးချစ်စမ်းအောင်နှင့် ဇနီး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများက တက်ရောက် ခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၃ ခုနှစ်၊ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

၂၀၂၃ ခုနှစ်၊ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဝင် ရောက်ယှဉ်ပြိုင်ပွဲနိုင်ရေးနှင့် ပြည်နယ်အဆင့်ပြိုင်ပွဲ ကျင်းပပြုလုပ်နိုင်ရေးအတွက် ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၈ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခ ခန်းမ၌ ကျင်းပပြုလုပ်သည်။

မိုးညှင်းမြို့၌ ခရိုင်အဆင့် အခြေခံပညာမူလတန်း အလယ်တန်းနှင့် အထက်တန်းကျောင်းမှ သင်ထောက်ကူပစ္စည်း ပြပွဲ/ပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ခရိုင်အဆင့် အခြေခံပညာမူလတန်း အလယ်တန်းနှင့် အထက်တန်းကျောင်းများမှ သင်ထောက်ကူပစ္စည်းပြပွဲ/ပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီက အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။

မိုးကောင်းမြို့၌ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ကြက်ခြေနီအသင်းခွဲရုံးတွင် ကမ္ဘာ့ရှေးဦးပြုစုခြင်း အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက်(၉)နာရီတွင် ကျင်းပသည်။

ကျန်းမာရေးအတွက်အထူးကောင်းမွန်သော ပူတာအိုဒေသထွက် အစားအစာတစ်မျိုးဖြစ် သည့် အလေး(ခေါ်)အူလိုင်

မြန်မာနိုင်ငံမြောက်ဖျားပိုင်းရေခဲတောင်များ ပတ်လည်ဝိုင်းသောတောင်ပေါ်ဒေသ၊ ကျေးဌက် သာသကာများ တွန်ကြူးကာ သစ်ပင်ပန်းမန်များစုံလင်စွာပေါက်ရောက်ရာ ပူတာအို၊ မချမ်းဘော၊ နောင်မွန်၊ခေါင်လန်ဖူးမြို့နယ်များတွင် သဘာဝအလျောက်ပေါက်ရောက်သော ရဝမ်ဘာသာစကား ဖြင့် အလေး(ခေါ်)အူလိုင်ပင်မှရရှိသောအမှုန့်များကို ရဝမ်တိုင်းရင်းလူမျိုးများက စွဲစွဲမက်မက်တန်ဖိုး ထားကာ စာသုံးကြသော ဒေသထွက်အစားအစာတစ်မျိုးဖြစ်သည်။

ဝိုင်းမော်မြို့နယ်ပညာရေးငွေစုငွေချေး သမဝါယမအသင်းလီမီတက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် ကျောင်းသား/သူများအား ဆုချီးမြှင့်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ပညာရေးသမဝါယမအသင်းလီမီတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာ နှစ်ပတ်လည် အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဝိုင်းမော်မြို့နယ် ပညာရေးမှူးရုံး၊ အောင်မင်္ဂလာခန်းမတွင် ကျင်းပပြုလုပ်ရာ သဘာပတိအဖြစ် မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးအံ့ခိုင်မှ ဆောင်ရွက်ပြီး အဖွင့်နှုတ်ခွန်း ဆက်စကားပြောကြားခဲ့သည်။
Subscribe to ကချင်ပြည်နယ်