ကချင်ပြည်နယ်

ဝိုင်းမော်မြို့နယ်၌ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသင်တန်းကျောင်းတွင် ပညာသင်ကြားနေမှုအား‌ သက်ဆိုင်တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်း‌မော်မြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းနှင့် တွဲဖက်၍ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသင်တန်း ကျောင်းကို ဇွန်လ (၁) ရက် နံနက်ပိုင်းမှ စတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမူကို သက်ဆိုင်ရာ တာဝန်ရှိသူများက ယနေ့ နံနက် ၁၀ နာရီက လှည့်လည်ကြည့်ရှုခဲ့ကြသည်။

မိုးညှင်းမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အပတ်စဉ် စနေနေ့တိုင်း အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြစ်ကြီးနားမြို့ (Community Centre)၌ အဆင့်မြင့် ပန်းအလှဆင်/ပြင်နှင့် ပူပေါင်းအလှဆင်သင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဒေသခံတိုင်းရင်းသား/ တိုင်းရင်းသူများ အလုပ်အကိုင် အခွင့်အလမ်းပိုမိုရရှိစေ‌ရန်ရည်ရွယ်၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ အဆင့်မြင့် ပန်းအလှပြင်၊ ပန်းအလှဆင်နှင့် ‌ပူပေါင်းအလှဆင်သင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီက ဖွင့်လှစ်ခဲ့ သည်။

မိုးညှင်းမြို့၌ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်း ဖွင့်ပွဲအခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်း ကျောင်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၁၁)နာရီက အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်း မြတ်သရဖူခန်းမ၌ ကျင်းပသည်။

မိုးကောင်းမြို့ Community Centre ခန်းမ၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို မေလ(၅)ရက် မွန်းတည့်(၁၂)နာရီတွင် Community Centre ခန်းမ၌ ကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ (အမျိုးသား)နှင့် ခရိုင်ပေါင်းစုံ (အမျိုးသမီး) ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲသို့ တက်ရောက်

“ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့” ဆောင်ပုဒ်ဖြင့် ၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ဇွန် ၅ ရက် နံနက် ၉ နာရီ က မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ကျင်းပပြုလုပ်ခဲ့ကြပြီး ပြည်နယ်အဆင့်သန့်ရှင်း၍ စိမ်းလန်းစိုပြေသောကျောင်းဆုများ၊ တက္ကသိုလ်အဆင့်ဆောင်းပါးနှင့် စာစီစာကုံးပြိုင်ပွဲ ဆုရရှိသူများကို ဆုများချီးမြှင့်ပေးအပ်ခဲ့ကြသည်။

တနိုင်းမြို့နယ်၌ ပညာအလင်းငွေစုငွေချေး သမဝါယမအသင်း (လီမိတက်)၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အစည်းအဝေးကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၌ ပညာအလင်းငွေစုငွေချေး သမဝါယမအသင်း (လီမိတက်)၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည် အစည်းအဝေးကို ယနေ့ နံနက် (၉) နာရီက အမှတ်(၁) အခြေခံအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

တနိုင်းမြို့နယ်၌ ၂၀၂၃ ခုနှစ် မိုးရာသီအကြိုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၌ ၂၀၂၃ မိုးရာသီအကြို စုပေါင်းသစ်ပင် စိုက်ပွဲတော်ကို ဇွန်လ (၃) ရက်နေ့ နံနက် (၈) နာရီက အောင်စိုးမိုးကျေးရွာ လီဒိုလမ်းမကြီး လမ်းဘေး ဝဲ/ယာ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

လွယ်ဂျယ်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးထည့်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများဆောင်ရွက်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့၌ မိုးဦးကျတွင်ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အဘိတ်ဆေးထည့်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့ နံနက်၁၀ နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လွယ်ဂျယ်မြို့၌ မိုးရာသီအကြို မြို့အုပ်ချုပ်ရေးမှူးဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့၌ ၂၀၂၃ ခုနှစ် မိုးရာသီအကြို မြို့အုပ်ချုပ်ရေးမှူးဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို လွယ်ဂျယ်မြို့ အောင်ချမ်းသာ ရပ်ကွက် ဘောလုံးကွင်းတွင် ဇွန် ၃ ရက်နေ့ နေ့လယ် ၃ နာရီတွင် ကျင်းပသည်။
Subscribe to ကချင်ပြည်နယ်