ကချင်ပြည်နယ်

ကချင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး တိုင်းရင်းသားများ၏ လိုအပ်ချက်၊ လိုလားချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ်အတွင်း‌ရှိ တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှု ထိန်းသိမ်းမြှင့်တင်ရေး ဆိုင်ရာကိစ္စရပ်များနှင့် ဒေသခံတိုင်းရင်းသားများ၏ လိုအပ်ချက်နှင့် လိုလားချက်များ ဖြည့်ဆည်းပေး နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်သည် ပြည်နယ် အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များမှ တာဝန်ရှိသူများနှင့် မေ ၃၀ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ကချင်ပြည်နယ် ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

မိုးမောက်မြို့၌ ပြည်နယ်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်အား အကောင်ထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် မိုးမောက်မြို့နယ်သို့ လာရောက်ခဲ့သော ပြည်နယ်ဝန်ကြီးချုပ် ခရီးစဉ်အတွင်း လမ်းညွှန်မှာကြား ချက်များအား အကောင်ထည်ဖော် ဆောင်ရွက်နိုင်ရေးဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယမန်နေ့  နံနက် ၁၀ နာရီခန့်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့၌ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ (၅/၂၀၂၃) လအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ (၅/၂၀၂၃) လ အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀) နာရီက စုပေါင်းရုံးရှိ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မချမ်းဘောမြို့နယ်၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း တတိယအကြိမ်ဖွင့်လှစ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ကျေးလက်ဒေသရှိလူငယ်များအား အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်နှင့် မိသားစုတစ်ပိုင်တစ်နိုင် လုပ်ငန်းများ လုပ်ကိုင်လာနိုင်စေရန် ရည်ရွယ်၍ ပူတာအိုခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက လူသုံးကုန်ထုတ် လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကို မေလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီက နမ်ခမ်ကျေးရွာ ခန်းမ၌ ကျင်းပခဲ့သည်။

မချမ်းဘောမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်၌ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်း အနားကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ကျင်းပသည်။

ဟိုပင်မြို့၌ တိုင်ထောင်ပဲတောင့်ရှည်စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းပြီး မိသားစုအပိုဝင်ငွေရရှိ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ မြဇေယျာရပ်ကွက် ကွင်းအမှတ် (၁၉၉) မလောက် ချောင်းဘေးရှိ တောင်သူဦးသန်းအောင်၏ လယ်ယာမြေ၌ တိုင်ထောင် ပဲတောင့်ရှည်ပင်များ စိုက်ပျိုးထားရာ အောင်မြင် ဖြစ်ထွန်းလျက်ရှိပြီး မိသားစုအပိုဝင်ငွေ ရရှိလျက်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မံစီမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးတက်စေရေးကွင်းဆင်းဆောင်ရွက်၊ နေရပ်ပြန်အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားများသို့ တက်ရောက်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်မြှင့်မားစေရေးနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ မေ ၂၈ ရက် နံနက် ၈ နာရီက မံစီမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးတက်မြှင့်မားစေ‌ရေးနှင့် နေရပ်သို့ ပြန်လည်ရွှေ့ပြောင်းနေထိုင်ကြမည့် အိမ်ထောင်စုများ ထောက် ပံ့ပေးအပ်ခဲ့သည်။

ဆွမ်ပရာဘွမ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်ဘန်ရူခန်းမ၌ ကျင်းပခဲ့ကြောင်းသိရ သည်။

ပူတာအိုမြို့နယ်၌ ၂၀၂၃ ခုနှစ် မိုးရာသီတွင် သစ်မျိုးပျိုးပင်ပေါင်း ငါးသောင်းကျော် စိုက်ပျိုးသွားမည်

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ၂၀၂၃ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးနိုင်ရန်အတွက် မြို့မပျိုး ဉယျာဉ်တွင် သစ်မျိုးရှစ်မျိုးဖြင့် သစ်ပျိုးပင်ပေါင်း ငါးသောင်းကျော် ပျိုးထောင်ထားရှိပြီး ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော် နှင့် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူ လူထုများထံသို့ ဖြန့်ဝေစိုက်ပျိုးသွား မည်ဖြစ်ကြောင်း သိရသည်။

မဟာသမယအခါတော်နေ့တွင် ဝိုင်းမော်မြို့နယ် ရွှေမိုးတောင်စေတီတော်၌ ပရိတ်ရွတ်ဖတ်ပူဇော်ပွဲ၊ ဆွမ်းသပိတ်နှင့် သံဃဒါန ဆွမ်းဆန်စိမ်း လောင်းလှူပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ (၁၃၈၅ ခုနှစ်၊ နယုန်လပြည့်) ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့ တွင် ကျရောက်မည့် မဟာသမယအခါတော်နေ့တွင် ဝိုင်းမော်မြို့နယ်ရှိ ရွှေမိုးတောင်စေတီတော်၌ ပရိတ်ရွတ်ဖတ်ပူဇော်ပွဲ၊ ဆွမ်းသပိတ်နှင့် သံဃဒါနဆွမ်းဆန်စိမ်း လောင်းလှူပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ကချင်ပြည်နယ် အစိုးရ အဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၂)တွင် ကျင်းပသည်။
Subscribe to ကချင်ပြည်နယ်