ကချင်ပြည်နယ်

ရွှေကူမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံခြင်းလက်ခံဆောင်ရွက်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံရေးကို ယမန်‌နေ့ နံနက် ၉ နာရီခန့်မှစတင်၍ အခြေခံ ပညာကျောင်း အသီးသီး၌ လက်ခံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဒေါ့ဖုန်းယန်မြို့အခြေခံပညာအထက်တန်းကျောင်၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့ရှိ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ ငှက်ဖျားရောဂါ၊ သွေးလွန်တုတ်ကွေးရောဂါ မဖြစ်ပွားစေရေးနှင့် ကျောင်းဝင်းအတွင်း သန့်ရှင်းသာယာလှပ စေရေးအတွက်ရည်ရွယ်၍ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို မေ ၂၄ ရက် နံနက် (၇) နာရီအချိန်က ဒေါ့ဖုန်းယန်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ပြုလုပ်ခဲ့ကြောင်း သိရသည်။       

ဆွမ်ပရာဘွမ်မြို့နယ်တွင် ကျောင်းသား/ကျောင်းသူများအား ကျောင်းအပ်လက်ခံခြင်း စတင်ဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ခုနှစ်၊ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို မေ ၂၃ ရက်နေ့နံနက်ပိုင်းမှ စတင်ပြီးအဆိုပါကျောင်းများ၌ ကျောင်းသား/ကျောင်းသူများအား စတင်လက်ခံ‌ပေးလျက်ရှိကြောင်း သိရသည်။

ကာမိုင်းမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းများအားလုံး ကျောင်းအပ်လက်ခံ

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့ဧရိယာအတွင်းရှိ ကျောင်းများအားလုံးကို ယနေ့ နံနက်ပိုင်းက ကျောင်းအပ်လက်ခံလျက်ရှိ ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်သည့် MSME ဒေသထုတ်ကုန်ပြပွဲ/ ပြိုင်ပွဲနှင့် MSME Talk Show စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်

ကချင်ပြည်နယ်အသေးစား၊ အငယ်စားနှင့်အလတ်စား (MSME) စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးအေဂျင်စီကကြီးမှူး၍ မြစ်ကြီးနားမြို့၌ ပထမဆုံးအကြိမ်ကျင်းပပြုလုပ်သည့် MSME ဒေသထုတ်ကုန်ပြပွဲ/ ပြိုင်ပွဲနှင့် ဒေသတွင်း MSME လုပ်ငန်းရှင်များ ပါဝင်သည့် Talk Show စကားဝိုင်း ဆွေးနွေးပွဲကို မေ ၂၃ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက် အဖွင့်အမှာစကားပြောကြားသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ ကျောင်းအပ်နှံမှု စတင်လက်ခံဆောင်ရွက်

ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံရေး ရက်သတ္တပတ် အား မေ ၂၃ ရက်မှ ၃၀ ရက်အထိ သတ်မှတ်ထားရှိရာ မေ ၂၃ ရက် နံနက် ၉ နာရီမှ စတင်၍ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်း‌မော်မြို့နယ်ရှိ အခြေခံကျောင်းများတွင် ကျောင်းအပ်နှံမှုများအား တာဝန်ခံဆရာ/မများက စတင်လက်ခံဆောင်ရွက်ပေးလျက်ရှိ သည်။

မိုးညှင်းမြို့နယ်အတွင်းရှိ အခြေခံပညာ စာသင်ကျောင်းပေါင်း (၁၉၉)ကျောင်း၌ ကျောင်းအပ်လက်ခံခြင်းများ စတင်ဆောင်ရွက်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ် လက်ခံခြင်းကို မေလ (၂၃)ရက်မှ စတင်၍ အခြေခံပညာစာသင်ကျောင်း ပေါင်း (၂၀၂)ကျောင်းရှိသည့် အနက် (၁၉၉)ကျောင်းတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဗန်းမော်မြို့တွင် ၂၀၂၃ ခုနှစ် နွေရာသီဖလား (SUMMER CUP) အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ဗန်းမော်ခရိုင် ဗန်းမော်မြို့တွင် ၂၀၂၃ ခုနှစ် နွေရာသီဖလား (SUMMER CUP)အမျိုးသား အလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ဗန်းမော်ခရိုင် ပြည်သူ့အားကစားကွင်းတွင်  မေလ ၂၂ ရက် ညနေ ၄ နာရီက ကျင်းပခဲ့ကြောင်းသိရသည်။

ဟိုပင်မြို့ရှိ အခြေခံပညာစာသင်ကျောင်းများတွင် ၂၀၂၃−၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး လက်ခံဆောင်ရွက်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ရှိ အခြေခံပညာစာသငကျောင်းများတွင် မေလ (၂၃) ရက်၊ နံနက် (၉) နာရီမှစတင်၍ ၂၀၂၃−၂၀၂၄ပညာသင်နှစ်၊ ပညာသင်ကြားပေးနိုင်ရန် ကျောင်းအပ်နှံ လက်ခံဆောင်ရွက်ပေးလျက်ရှိပါသည်။

မချမ်းဘောမြို့နယ်ရှိ အခြေခံ ပညာကျောင်းများ၌ ကျောင်းအပ်နှံခြင်းများ စတင်လျက်ရှိ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်းများကို ကျောင်းအပ်နှံရေးသီတင်းပတ်ဖြစ်သည့် ယနေ့နံနက် ၉ နာရီမှစ၍ ကျောင်းအပ်နှံလက်ခံခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Subscribe to ကချင်ပြည်နယ်