ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်းရှိ အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲ (၂/၂၀၂၃) ဖွင့်ပွဲသို့ တက်ရောက်၊ ဧက ၁၀၀ တင်း ၁၀၀ စံပြ စိုက်ကွက်အတွင်း စိုက်ပျိုးရေလုံလောက်စွာရရှိရေး ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေး
ကချင်ပြည်နယ်အမျိုးသမီးကော်မတီမှ ကြီးမှူးကျင်းပသည့် ပြည်နယ်အတွင်းရှိ အမျိုးသမီးများဘဝ မြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် (၄)ရက်ကြာ ကျင်းပပြုလုပ်သွားမည့် အလုပ်ရုံဆွေးနွေးပွဲ (၂/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၆ ရက် နံနက် ၈ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြော ကြားသည်။