ကချင်ပြည်နယ်အတွင်း ခရီးသွားများ တစ်နှစ်ထက်တစ်နှစ်ဝင်ရောက်မှု နှုန်းမြှင့်တက်လာပြီး ဘဏ္ဍာနှစ် (၂)နှစ်အတွင်း ဟိုတယ်နှင့်တည်းခိုရိပ်သာ၊ ခရီးသွားလှည့်လည်ရေးလုပ်ငန်းနှင့် ဒေသဆိုင်ရာဧည့်လမ်းညွှန်များအတွက် လုပ်ငန်းလိုင်စင်အသစ် ခွင့်ပြုပေးနိုင်ခဲ့
ကချင်ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်(၂)နှစ်အတွင်း ဟိုတယ်နှင့်တည်းခိုရိပ်သာ(၆၉)လုံး၊ ခရီးသွားလှည့်လည်ရေးလုပ်ငန်း(၆၁)ခုနှင့် ဒေသဆိုင်ရာဧည့်လမ်းညွှန်(၁၆၇)ဦးတို့အတွက် လုပ်ငန်းလိုင်စင်အသစ် ခွင့်ပြုချထားပေးနိုင်ခဲ့ကြောင်း ယမန်နေ့ မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်သည့် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၂/၂၀၂၃)လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရှိရသည်။