ကချင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင် ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းအတွက် သန့်ရှင်းသော သောက်သုံးရေ လုံလောက်မှုရှိစေရေး ကချင်ပြည်နယ်ရေသန့်လုပ်ငန်းရှင်များအသင်းနှင့် ညှိနှိုင်းဆွေးနွေး
ကချင်ပြည်နယ် အစိုးအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအတွက် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့နှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိရာ ယနေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးကျော်မင်းခိုင်သည် ကချင်ပြည်နယ်ရေသန့် လုပ်ငန်းရှင်များအသင်းနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။