ကချင်ပြည်နယ်ဝန်ကြီးချုပ် ဧရာဝတီ မြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များအား အသိပေးရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက်
ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများနှင့် စပ်လျဉ်း၍ ကချင်ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများအား ရေအားလျှပ်စစ် စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ် ဒေသခံကော်မတီအဖွဲ့ဝင်များက ရှင်းလင်းဆွေးနွေးပွဲများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်မိုးလုံလေလုံအားကစားခန်းမ၌ ဒေသတွင်းရှိစီးပွားရေးနယ်ပယ်အသီးသီး၌ လုပ်ကိုင်ဆောင်ရွက်နေကြသည့် လုပ်ငန်းရှင်များအား အသိပေးရှင်းလင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်သည်။