မိုးကောင်းမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း ဇာတ်တိုက်လေ့ကျင့်
ပူပြင်းချောက်သွေ့သော နွေရာသီရောက်ရှိလာသည့်အတွက် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ဇာတ်တိုက်လေ့ကျင့်ခြင်းကို မိုးကောင်းမြို့မဈေး၌ ဖေဖော်ဝါရီ (၂၀) ရက် နေ့လယ် (၁) နာရီခွဲတွင် ဆောင်ရွက်သည်။