ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝိုင်းမော်မြို့နယ်အတွင်း စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်းဖွင့်ပွဲနှင့် IDPs စခန်းများမှ နေရပ်ကျေးရွာများသို့ ပြန်လည် ရွှေ့ပြောင်းနေထိုင်ကြမည့် အိမ်ထောင်စုများ သွားရောက်တွေ့ဆုံအားပေးထောက်ပံ့
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ ဝိုင်းမော်မြို့ အမှတ်(၁) အခြေခံပညာကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် စတင်ဖွင့်လှစ်သည့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက အဆိုပါကျောင်းအဝင်မုခ်ဦး၌ ကျင်းပ ပြုလုပ်ခဲ့ကြသည်။