မိုးကောင်းမြို့၌ မုန်တိုင်းအတွက် သတိပြုလိုက်နာရန်အချက်များ အသိပညာပေးနံရံကပ်ပြသထား
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက သတိပြုလိုက်နာရန် မုန်တိုင်းသတိပြု အသိပညာပေး နံရံကပ်စာစောင်ကို ယမန်နေ့ နေ့လယ်(၁၂)နာရီတွင် ပြသထားလျက်ရှိကြောင်း သိရသည်။