မိုးညှင်းမြို့၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆယ်မိုင်ကျေးရွာဘက်စုံသုံးခန်းမဆောင်ဖွင့်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေ၊ မြစိမ်းရောင် ကျေးရွာစီမံကိန်း (MSY) မှ အတိုးရငွေနှင့် ကျေးရွာပြည်သူများမှ ထည့်ဝင်ငွေတို့ဖြင့် အကောင် အထည်ဖော်ဆောင်ရွက်သည့် ဝေဇယန္တာဘက်စုံသုံးခန်းမဆောင်ကို ယနေ့နံနက် (၁၀)နာရီတွင် ဆယ်မိုင်ကျေးရွာ၌ စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။