မိုးကောင်းမြို့နယ်တွင် စားသုံးဆီဖူလုံမှုရှိစေရေး ဆီစက်လုပ်ငန်းရှင်များ လုပ်ငန်းလည်ပတ်ထားခြင်းရှိမရှိ ခရိုင်အဆင့်တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး
ကချင်ပြည်နယ် မိုးညှင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မိုးကောင်းမြို့နယ်တွင် စားသုံးဆီဖူလုံမှုရှိစေရေးအတွက် ဖွံ့ဖြိုးရေးချေးငွေဖြင့်ရယူထားသည့် ဆီစက်လုပ်ငန်းရှင်များ အမှန်တကယ် လုပ်ငန်းလည်ပတ်ထားခြင်းရှိမရှိ ခရိုင်အဆင့်တာဝန်ရှိသူများမှ ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။