ကချင်ပြည်နယ်

ရှင်ဗွေယန်မြို့၌ မြန်မာအီလက်ထရောနစ် မဲပေးစက်အသုံးပြု၍ ဆန္ဒမဲပေးခြင်းဆိုင်ရာများ လက်တွေ့သရုပ်ပြ

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ရှင်‌ဗွေယန်မြို့တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်အသုံးပြု၍ ဆန္ဒမဲပေးခြင်းဆိုင်ရာများ အသိပညာပေးခြင်းကို နိုဝင်ဘာလ ၁၂ ရက် နံနက် ၁၀ နာရီက ရှင်ဗွေယန်မြို့၊ ရှင်‌ဗွေယန် အ.ထ.က ကျောင်းခန်းမ၊ နာဂရိုးရာခန်းမနှင့် အမှတ်(၃)တို့တွင် ကျင်းပပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ် စီးပွားရေးရာဝန်ကြီး အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ သွားရောက်ထောက်ပံ့

အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းများအတွက် နည်းပညာများပေးခြင်း၊ ရင်းနှီးမတည်ရန် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၁ ရက် မွန်းလွဲ ၁ နာရီက ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ လေ့ကျင့်ပျိုးထောင်ရေးသင်တန်းခန်းမတွင် ကျင်းပခဲ့သည်။

မြစ်ကြီးနားမြို့၌ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စွာထုတ်ပြန်နိုင်ရေး တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြို့နယ်စုပေါင်းရုံးဝင်းအတွင်းရှိ မနောရွှေပြည်ခန်းမ၌ နိုဝင်ဘာ ၁၁ ရက် နံနက် ၉ နာရီက ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စွာထုတ်ပြန်နိုင်ရေး တိုက်ဆိုင်စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ရိုးရာကောက်သစ်စားပွဲတော်နှင့် လူမျိုးပေါင်းစုံယဉ်ကျေးမှုဖလှယ်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း၊ အခြေခံပညာကျောင်းပေါင်းစုံ ဗုဒ္ဓဒေသနာတော်ရွတ်ဆိုပူဇော်ပြိုင်ပွဲ ဆုချီးမြှင့်

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြို့တော်မြစ်ကြီးနားမြို့အား ဧရာဝတီမြစ်ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေးအတွက် ရေလျှံတားတမံ၊ ကျောက်စီမြေထိန်းနံရံများ တည်ဆောက်ကာကွယ် နိုင်ရေး ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းစီမံကိန်းများ ရေးဆွဲဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် နိုင်ဝင်ဘာ ၁၁ ရက် နံနက်ပိုင်းက မြစ်ကြီးနားမြို့ပေါ်၌ ရေထိန်းတံခါး တည် ဆောက်ရေးလုပ်ငန်းများနှင့် ကျောက်စီရေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်းများအား ကွင်းဆင်း စစ်ဆေးခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုခရိုင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်‌ရေးပွဲတော်သို့ တက်ရောက်အားပေးချီးမြှင့်၊ ရေခဲတောင်သွားလမ်းနှင့် မဂွေဇ-ခေါင်လန်ဖူးလမ်း ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်း မိုးစပါးရိတ်သိမ်းအပြီး ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ပူတာအိုမြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၁၀ ရက် နံနက် ၇ နာရီက စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်အခမ်းအနားသို့ တက်ရောက်သည်။

ပူတာအိုမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်သည့် သဲကျောက်ခင်းခြင်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျေးရွာချင်းဆက်လမ်းများ သဲကျောက်ခင်းခြင်းလုပ်ငန်းပြီးစီးမှု အခြေအနေအား ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက နိုဝင်ဘာလ (၈) ရက်နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ပူတာအိုခရိုင်၌ မချမ်းဘောမြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် တွေ့ဆုံ၊ သက်ကြီးဘိုးဘွားများ၊ သီလရှင်ကျောင်းနှင့် ပရဟိတကျောင်းများတွင် အခြေခံစားသောက်ကုန်များ ပေးအပ်လှူဒါန်း

ကချင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်လဖိုင်နန်ဆိုင်းသည် အဖွဲ့ဝင် ဒေါ်လဖိုင်ဒေါင် နန်း၊ ဒေါ်သွဲ့လေးအောင်၊ ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သန္တာဝင်း၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လိုက်ပါလျက် နိုဝင်ဘာ (၉) ရက် နံနက် (၁၀) နာရီက မချမ်းဘောမြို့နယ် ဂူဘားခန်းမ၌ သက်ကြီးဘိုးဘွားများနှင့် တွေ့ဆုံသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ရှေးဟောင်းသမိုင်းဝင် ကောင်းမှုလုံစေတီစေတီတော်ကြီးအား သွားရောက်ဖူးမြော်ကြည်ညို၊ မိုးစပါးရိတ်‌သိမ်းနေမှုနှင့် ဆောင်းသီးနှံဆီမုန်ညှင်းတိုးချဲ့စိုက်ပျိုးနိုင်ရေး  ဆောင်ရွက်

မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်း မိုးစပါးရိတ်သိမ်းအပြီး ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ပူတာအိုမြို့သို့ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၉ ရက် နံနက် ၈ နာရီက မချမ်းဘောမြို့နယ် ကောင်းမှုလုံကျေးရွာအတွင်း မလိခမြစ်ကမ်းဘေး၌ တည်ထားကိုးကွယ်သော ရှေးဟောင်းသမိုင်းဝင် ကောင်းမှုလုံစေတီတော်သို့ သွားရောက်ခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၇) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်

ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၇) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားကို ကချင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ခရိုင်၊ မြို့နယ်များ စုပေါင်း၍ ယမန်နေ့နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြပြီး ဝန်ထမ်းသားသမီး တက္ကသိုလ်ဝင်တန်းအောင်မြင်သူများနှင့် အငြိမ်းစာဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဗလမင်းထင်အမှတ် (၂) တံတား ရေလယ်တိုင် ဘိုးပိုင်ရိုက်သွင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဘဏ္ဍာရန်ပုံငွေအစီအစဉ် (ငွေလုံးငွေရင်း) အသုံးစရိတ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစီမံကိန်းများ အချိန်မီပြီးစီးရေး ညှိနှိုင်းဆွေး

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ရှိ ဗလမင်းထင်အမှတ်(၂) တံတား ရေလယ်တိုင်အမှတ် (၅) ဘိုးပိုင်ရိုက်သွင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပမည့် ၂၀၂၅ ခုနှစ် ရိုးရာကောက်သစ်စားပွဲနှင့် လူမျိုးပေါင်းစုံ ယဉ်ကျေးမှုဖလှယ်ပွဲ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းဝေးကို နိုဝင်ဘာ ၅ ရက်က ဆောင်ရွက်ခဲ့ကြသည်။
Subscribe to ကချင်ပြည်နယ်