ကချင်ပြည်နယ်

ကချင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းတက်ရောက်နိုင်ရေးနှင့် ကျောင်းအပ်နှံ‌ရေးနေ့ အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်‌ရောက်

၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းတက်ရောက်နိုင်ရေးနှင့် ကျောင်းအပ်နှံ‌ရေးနေ့ အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးကျော်သူရနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး လေပြင်းဘေးသင့် ရှမ်းမျိုးနွယ်စုယာယီနေရပ်စွန့်ခွာစခန်းသို့ သွားရောက်ထောက်ပံ့

ကျောင်းကျန်းမာရေးလုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ပညာရေးဝန်ထမ်းများ တို့မှ အဆင့်အသီးသီးတွင် တက်ကြွစွာလက်တွဲ‌ဆောင်ရွက်ကြစေရန်နှင့် အထူးသဖြင့် ကျောင်းအဆင့် တွင် ဆရာ၊ ဆရာမများနှင့် ‌ကျောင်းသားလူငယ်တို့ ကိုယ်တိုင်ဆောင်ရွက်ကြပြီး ၎င်းတို့မှတဆင့် မိဘ ပြည်သူများ  တက်ကြွစွာပါဝင်ဆောင်ရွက်လာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်သော ကျောင်း ကျန်းမာရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေ ၂၂ ရက် နံနက် ၉နာရီက ပြည်နယ်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး မူလတန်းပြ ဆရာ၊ဆရာမများအတွက် အင်္ဂလိပ်စာ အရည်အသွေးမြှင့်  သင်တန်းဆင်းပွဲ၊ ကရာတေး/တိုက်ကွမ်ဒို ဆုချီးမြှင့် တက်ရောက်

ပညာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မူလတန်းပြ ဆရာ၊ဆရာမများ အင်္ဂလိပ်စာ သင်ကြားရေးစွမ်းရည်တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခဲ့သည့်အင်္ဂလိပ်စာ အရည်အသွေးမြှင့်သင်တန်း သင်တန်းဆင်းပွဲကို မေ ၂၂ ရက် မွန်းလွဲပိုင်းက မြစ်ကြီးနားမြို့ ဧရာရပ်ကွက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အေးမြသီတာခန်းမ၌ ကျင်းပရာ ပြည်နယ်လူမှု‌ရေးရာဝန်ကြီး ဦးကျော်မင်းခိုင်တက်ရောက်အမှာစကားပြောကြားသည်။

ဧရာဝတီ မြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းနှင့် စပ်လျဉ်း၍ ကချင်ပြည်နယ်‌ဒေသခံကော်မတီအဖွဲ့ဝင်များက တနိုင်းမြို့နယ် ဟူးကောင်းခန်းမ၌ ဒေသခံတိုင်းရင်းသားမျိုး နွယ်စုများအား တွေ့ဆုံရှင်းလင်း

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်စီမံမှုဖြင့် ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအား လျှပ်စစ်စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ် ဒေသခံကော်မတီအဖွဲ့ဝင်များက ရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ ဒေခံပြည်သူများ ရှင်းလင်းစွာ သိရှိနားလည်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲများကို ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် အဆက်မပြတ်ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတွင် တနိုင်းခရိုင်၊ တနိုင်းမြို့၊ ပုန်ခုန်းကောင်းရပ်ကွက်၊ ဟူးကောင်းခန်းမ၌ ဒေသခံတိုင်းရင်းသားမျိုးနွယ်စုများနှင့် တွေ့ဆုံရှင်းလင်းဆွေးနွေးပွဲများကို ကျင်းပပြုလုပ်ခဲ့ကြသည်။

တနိုင်းမြို့၌ ၂၀၂၆- ၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့တွင် ၂၀၂၆- ၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် "နိုင်ငံတော်စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့" မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက အမှတ် (၁) အခြေခံပညာ‌ကျောင်းရှေ့တွင် စိုက်ထူခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းစစ်ဆေးပြီး စပါးမျိုးစေ့များ ပေးအပ်၊ ဒေသလိုအပ်ချက်များ ဖြည့်ဆည်း‌ဆောင်ရွက်ပေး

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပူတာအိုမြို့နယ်အတွင်း ကျေးရွာများ၌ မိုးစပါးအချိန်မီ စိုက်ပျိုးနိုင်ရေးနှင့် ကျေးရွာများတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မေ ၂၁ ရက်နေ့က ကွင်းဆင်းစစ်ဆေး၍ ဒေသခံများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်းအေး မိုးညှင်းမြို့နယ်အတွင်း ကျေးရွာများတွင် လွှတ်တော်အစည်းအဝေး အတွေ့အကြုံရှင်းလင်းပွဲနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်းအေးသည် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်အတွင်း ကျေးရွာများတွင် တတိယအကြိမ် လွှတ်တော်ပထမပုံမှန်အစည်းအဝေး အတွေ့အကြုံရှင်းလင်းပွဲနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် မေ(၂၀)ရက် နံနက်ပိုင်းကစတင်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်‌ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ ပထမရက် (၁၀၀) ကာလအတွင်း မြစ်ကြီးနားမြို့တွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းကျဆင်းရေးဆောင်ရွက်မည့် Pilot Project အား ရှင်းလင်းခြင်း အခမ်းအနားသို့တက်ရောက်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ပထမ ရက် ၁၀၀ ကာလအတွင်း မှုခင်းကြိုတင်ကာကွယ်‌ရေး၊ အရေးကြီးမှုခင်းများ လျော့နည်းကျဆင်းရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ‌ဆောင်ရွက်မည့် Pilot Project စီမံချက်လုပ်ငန်းစဥ် အသေးစိတ် ချပြရှင်းလင်းခြင်းအခမ်းအနားကို မြစ်ကြီးနားမြို့ ဧရာရပ်ကွက် စုပေါင်းရုံးဝင်းရှိ မနောရွှေပြည်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးကျော်သူရ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်‌ရေး ကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ဒေသခံပြည်သူများ တက်ရောက်သည်။

မိုးကောင်းမြို့၌ ရှေးဟောင်းသမိုင်းဝင် ရွှေဝက်တိုးစေတီတော်ကြီး ထီးတော်အသစ်တင် မင်္ဂလာအခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ လွဲလော‌ကျေးရွာအုပ်စုရှိ မန်ပင်ကျေးရွာတွင်း တည်ထားကိုးကွယ်အပ်သော သမိုင်းဝင်ရွှေဝက်တိုးစေတီတော်မြတ်ကြီးအား စိန်ဖူးတော်နှင့် ထီတော်အသစ်တင် အလှူတော်မင်္ဂလာပွဲကို မေလ (၁၉) ရက် နံနက် (၉) နာရီတွင် ကျင်းပခဲ့သည်။

ကချင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ပူတာအိုမြို့နယ်အတွင်းရှိ ငါးသယံဇာတမွေးမြူထုတ်လုပ်မှုမြင့်မားစေရေးနှင့် လက်ဖက်စိုက်ပျိုးမှုတိုးတက်လာစေရေး ကွင်းဆင်းစစ်ဆေး

မြန်မာပြည်မြောက်ဖျားပိုင်း ပူတာအိုခရိုင်အတွင်း မိုးစပါးအပါအဝင် သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရေးနှင့် ငါးသယံဇာတတိုးတက်မွေးမြူထုတ်လုပ်နိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေသည် ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးရဲမင်းကျော်နှင့်အတူ မေ (၁၈) ရက်နေ့က ပူတာအိုမြို့ရှိ ငါးကန်းများနှင့် မချမ်းဘောမြို့နယ်အတွင်းရှိ လက်ဖက်ခြံများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။
Subscribe to ကချင်ပြည်နယ်