မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်ကျေးရွာအုပ်စုများရှိ မဲဆန္ဒရှင်ပြည်သူများအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကျင်းပ
မြစ်ကြီးနားမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသည် မြို့ပေါ်ရပ်ကွက်ကျေးရွာများရှိ မဲဆန္ဒရှင်ပြည်သူများအား မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အခြေခံပညာအထက်တန်းကျောင်း (ဇီးလွန်)ရှိ တော်ဝင်သစ္စာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။