မိုးညှင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဇွန်လတွင် ကျင်းပပြုလုပ်ခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲ (Grade-12) အောင်စာရင်းများကို ယနေ့နံနက်ပိုင်းက ထုတ်ပြန်ကြေညာရာ ဝင်ရောက်ဖြေဆိုခဲ့သူ (၁၆၁၇)ဦးတွင် အောင်မြင်သူ (၇၂၅)ဦးဖြစ်ပြီး အောင်ချက်ရာခိုင်နှုန်းမှာ (၄၄)ဒဿမ (၈၄)ရာခိုင်နှုန်းရှိကြောင်း သိရသည်။