မြစ်ကြီးနားမြို့၌ ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်ထက်ကျော်လွန်၍ မြေနိမ့်ပိုင်းရပ်ကွက်များတွင် ရေကြီးရေလျှံမှုများဖြစ်ပွား
ကချင်ပြည်နယ်၏ အထက်ပိုင်းဒေသများတွင် ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် မြစ်ကြီးနားမြို့၌ ဧရာဝတီမြစ်ရေ ယနေ့နံနက်ပိုင်းက တိုင်းတာချက်အရ စိုးရိမ်ရေအမှတ်ထက်ကျော်လွန်၍ (၁၂၀၅) စင်တီမီတာထိ မြင့်တတ်လျက်ရှိပြီး မြေနိမ့်ပိုင်းရပ်ကွက်များတွင် မြစ်ရေဝင်ရောက်၍ ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိ ပြည်နယ် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရုံးမှ သိရှိရသည်။