ကယားပြည်နယ်အတွင်း လစ်လပ်လျက်ရှိသော နိုင်ငံတော်ဩဝါဒါစရိယ၊ သံဃသမ္မုတိရသံဃာ့ ကိုယ်စားလှယ်ဆရာတော် အစားထိုးရွေးချယ်ခြင်းနှင့် ဆရာတော်သံဃာတော် အရှင်သူမြတ်များအား ပြည်နယ်ဝန်ကြီးချုပ်က နေ့ဆွမ်းဆက်ကပ်လှူဒါန်း
ကယားပြည်နယ်အတွင်း လစ်လပ်လျက်ရှိသော နိုင်ငံတော်ဩဝါဒါစရိယ ၊ သံဃသမ္မုတိရသံဃာ့ ကိုယ်စားလှယ်ဆရာတော် အစားထိုးရွေးချယ်ခြင်း၊ ပြည်နယ်သံဃနာယကအဖွဲ့အနားယူ အစားထိုးရွေးချယ်ခြင်းစသည့် အစည်းအဝေးများပြုလုပ်ခြင်းနှင့် ဆရာတော်သံဃာတော် အရှင်သူမြတ်များအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်းကို ယမန်နေ့နံနက် ၈ နာရီအချိန်တွင် လွိုင်ကော်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။