လွိုင်ကော်မြို့၌ အသားငါးများ သန့်ရှင်းလတ်ဆတ်မှုနှင့် သန့်ရှင်းသောရောင်းချမှုစနစ်များ ရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေး
စားသုံးသူရေးရာဦးစီးဌာန၏ ရည်မှန်းချက်များအတိုင်း စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရန်ရည်ရွယ်၍ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်မွေးမြူရေး နှင့် ကုသရေးဦးစီးဌာန၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့ နံနက် (၇)နာရီ အချိန်က လွိုင်ကော်မြို့၊ လောဓမ္မရပ်ကွက်ရှိ သီရိမင်္ဂလာဈေး (တောင်ဈေး)ရှိ အသား၊ ငါးများသန့်ရှင်း လတ်ဆတ်မှုရှိမရှိနှင့် သန့်ရှင်းသော ရောင်းချမှုစနစ်ရှိမရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။