ကယားပြည်နယ် သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအစည်းအဝေးပြုလုပ်
ကယားပြည်နယ်၊ လွိုင်ကော်မြို့ လွိုင်ကော်မူလတန်းကြို ကျောင်းခန်းမ၌ ကယားပြည်နယ် သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအစည်းဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က ပြုလုပ်ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးနှင့် ကယားပြည်နယ် သက်ကြီး ရွယ်အိုများဆိုင်ရာကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။