ဖားဆောင်းမြို့နယ် ကျောက်ပဲညိုကျေးရွာ၌ ဆီထွက်သီးနှံ မိုးနှမ်းစံပြစိုက်ခင်းများ အောက်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှု
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်အတွင်း ဆီထွက်သီးနှံမိုးနှမ်းစိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိသော နှမ်းစိုက်ခင်းများ အား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦးနှင့် အဖွဲ့ဝင်များက ယနေ့ နံနက် ၈ နာရီအချိန်တွင် ဝမ်အောင်းကျေးရွာအုပ်စု၊ ကျောက်ပဲညိုကျေးရွာနေ တောင်သူဦးလှဖေ၏ ယာမြေနေရာ၌ စိုက်ပျိုးထားသော စမုံနက်နှမ်းမဲစံပြစိုက်ခင်း ၃ ဧကနှင့် တောင်သူ ဦးလာဒ၏ ယာမြေနေရာ၌ စိုက်ပျိုးထားသော စမုံနက်နှမ်းမဲ စံပြစိုက်ခင်း ၃ ဧက နေရာများသို့ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။