ဖားဆောင်းမြို့နယ် ခဲမဖြူကျေးရွာတွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးအကြိမ် ပြည့်ထိုးနှံရေး မြန်မာ၊ ကရင် နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ကိုဗစ်−၁၉ မျိုးကွဲသစ် အိုမီခရွန် ရောဂါ ကူးစက်ပျံ့နှံမှုမှ ကြိုတင်ကာကွယ်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံကြစေရန် ရည်ရွယ်၍ အသိပညာပေး နှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက် ရှိရာ ယနေ့ နံနက်(၈)နာရီအချိန်က မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦး၏ ကြီးကြပ်မှုဖြင့်၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခဲမဖြူကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စေတနာ့ဝန်ထမ်းတို့က ပူးပေါင်း၍ ခဲမဖြူကျေးရွာတွင် မြန်မာ၊ ကရင်နှစ်ဘာသာဖြင့် လိုက်လံ နှိုးဆော်ခြင်း ဆောင်ရွက်ခဲ့သည်။