မယ်စဲ့မြို့နယ် ပန်းတိန်းကျေးရွာ၌ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် ကွင်းဆင်းစစ်ဆေးပေး
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၊ ပန်တိန်းကျေးရွာ၌ ဒေသခံပြည်သူ ၅၅ ဦးအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိကို Rapid Antigen Diagnostic Test Kit ဖြင့် စစ်ဆေးပေးခြင်းကို ယမန်နေ့က ပန်တိန်းကျေးရွာ တိုက်နယ်ပြည်သူ့ဆေးရုံ၌ အခမဲ့ စစ်ဆေးပေးခဲ့ကြောင်း သိရသည်။